ဒီရက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေတဲ့ သူတစ်ယောက်ရှိပါတယ်။ သူကတော့ ဖိလစ် ဟာနန်ဒက်ဇ် ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး တခြားသူတွေနဲ့မတူပဲ ကွဲထွက်နေတဲ့ ဓာတ်ပုံတွေကြောင့် လူတော်တော်များများ သတိထားမိလာခဲ့တာပါ။
ဖိလစ်ဟာ ဓာတ်ပုံတစ်ပုံရဖို့အတွက် အသေးစိတ်ဆန်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်လေ့ရှိပြီး သစ်သားနဲ့ပုံဖော်ထားတဲ့အရုပ်လေးတွေ၊ ကားအသေးစားလေးတွေ၊ ကျောက်ခဲတွေ၊ သဲမှုန်တွေနဲ့စက္ကူတွေကိုပါ အသုံးပြုလေ့ရှိသူပါ။

သူ့ရဲ့Facebook စာမျက်နှာက ပရိသတ် (၄)သောင်းကျော်လောက်ပဲရှိပေမယ့် သူဖန်တီးမှုတစ်ခုခု လုပ်လိုက်တိုင်း ပရိသတ်တွေက ပြန်လည်မျှဝေပေးကြလို့ ဒီလောက်တောင် သူသိများလာခဲ့တာပါ။

သူ့ရဲ့အသေးစိတ်ဆန်တဲ့လက်ရာတွေနဲ့အတူ ဘယ်လိုဖန်တီးမှုတွေ ပြုလုပ်ထားသလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။



Linn