နှစ်စဉ်နှစ်တိုင်းလိုလို ကမ္ဘာအရပ်ရပ်မှာ သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေ ဖြစ်နေကြပါတယ်။ မီးတောင်ပေါက်ကွဲတာတွေ၊ ကြောက်စရာကောင်းတဲ့ လေဆင်နှာမောင်းတွေဟာ ခဏတွင်းချင်းမှာတင် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်ပါတယ်။ ဒီထဲမှာ ငလျင်တွေရဲ့ အန္တရာယ်ကလည်း မသေးလှပါဘူး။ လူသားတွေဟာ ကမ္ဘာရဲ့ နယ်နမိတ်ကို ကျော်လွန်ပြီး အာကာသထဲထိ ခြေချနိုင်ပေမယ့် သဘာဝတရားရဲ့ စွမ်းအားတွေကိုတော့ လက်ရှိအချိန်ထိ မခုခံ မတားဆီးနိုင်သေးပါဘူး။ တကယ်တမ်းသဘာဝတရားက လူသားတွေကို ဒဏ်ခတ်လာတဲ့အခါ လူသားတွေအနေနဲ့ မလူးမလွန့်သာ ခံစားရမယ့်အကြောင်းကို အောက်မှာတွေ့ရမယ့်ဓာတ်ပုံတွေက သက်သေပြနေပါတယ်။
ဟာဝိုင်အီက Kilauea မီးတောင်ပေါက်ကွဲမှု

ဟာရီကိန်းဆန်ဒီကြောင့် နယူးယောက်က ကရိန်းကျိုးကျခဲ့မှု

အိုက်စလန်က Eyjafjallajökull မီးတောင်ပေါက်ကွဲမှု

အမေရိကန် အော်ရီဂွန်ပြည်နယ် အရှေ့တောင်ပိုင်း Alvord ကန္တာရပေါ်က ခုံးထွက်နေတဲ့တိမ်တိုက်များ

မိုးကြိုးပစ်ခံလိုက်ရတဲ့သစ်ပင်တစ်ပင်ကို (၃)နာရီအကြာမှာ တွေ့ရပုံ

ပင်လယ်သမုဒ္ဒရာ မျက်နှာပြင်ပေ(၃၇,၀၀၀) အထက်က ပစိဖိတ်မုန်တိုင်း

မြစ်ထဲပါသွားပြီဖြစ်တဲ့ လမ်းဟောင်း

အပြည်ပြည်ဆိုင်ရာအာကာသဌာနကမြင်ရတဲ့ ဟာရီကိန်းဂွန်ဇာလို

နယူးအင်္ဂလန်မှာ မုန်တိုင်းဖြတ်သွားပြီးနောက် ငါးပူတင်းတစ်ကောင်ကို သစ်ပင်ပေါ်မှာ သောင်တင်နေတာတွေ့ရစဉ်

လေကြောင့် လွင့်ပါသွားတဲ့ခေါင်မိုးဟာ ဓာတ်အားပေးကြိုးတွေကို သွားရောက်ရိုက်ခတ်မိစဉ်

လင်းလင်း (ShweMom)
Ref: Brightside