ကိုယ့် အလုပ်ရှင်ကို ဒီလိုစကားမျိုးတွေ လုံးဝမပြောမိပါစေနဲ့…

လူတွေက ကိုယ်နဲ့ တစ်ပုံစံတည်းလို့ တထစ်ချတွက်လို့မရပါဘူး။ ကိုယ်ကတော့ ဒီတိုင်းပြောလိုက်ပေ့မယ့် တစ်ဖက်မှာ စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ အလုပ်ခွင်မှာဆို ပိုပြီး သတိထားရပါတယ်။ အလုပ်ရှင်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာဆို တော်တော်လေး စကားအသွားအလာကို ဂရုစိုက်ရပါတယ်။ တစ်ခါတစ်လေ အပြောမတတ်တာကြောင့် အဖုအထစ်လေးတွေဖြစ်ရတာလည်းရှိပါတယ်။ ဒီတော့ သတိထားဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

လုပ်စရာလေးတစ်ခုရှိလို့ လခတိုးပေးလို့ရမလား?
Brightside

ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် အကြောင်းပြပြီး လုပ်ခလစာကို တိုးမတောင်းသင့်ပါ။ သင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ လိုအပ်ချက်တွေနဲ့ လုပ်ငန်စဉ်ကို မရောထွေးသင့်ပါဘူး။ ဒီလိုမျိုးအကြောင်းပြချက်နဲ့ လစာကိစ္စကိုဆွေးနွေးတာမျိုးက သိပ်ကိုရိုင်းပျတဲ့ ကိစ္စပါပဲ။ တကယ့် အခက်အခဲနဲ့ ကြုံနေရတဲ့ အခြေအနေမျိုးတွေရှိနေရင် ဒါကို လက်ခံကောင်း လက်ခံပေးနိုင်ပါလိမ့်မယ်။ သင့် အနေနဲ့ လုပ်ငန်ခွင် အောင်မြင်မှု အခိုင်အမာရှိနေရင်တော့ အပြည့်အ၀တောင်းဆိုနိုင်ပါတယ်။

သင့်အနေနဲ့ သင့် အလုပ်ရှင်ကို ပြောသင့်တဲ့ပုံက “ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အလုပ်ကို သုံးဆတိုး ဆောင်ရွက်ခဲ့ပါတယ်၊ ဒီ့အတွက် လုပ်ခလုပ်စား တိုးချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”။

ဘာမှလုပ်စရာမရှိလို့ စောပြန်ပါရစေဆိုတာမျိုး ဘယ်တော့မှ မပြောမိပါနဲ့…
Brightside

တစ်နေ့တာ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်စောပြီးသွားလို့ပဲ ဖြစ်စေ၊ လုပ်စရာတွေ မရှိတော့တာဖြစ်စေ၊ အိမ်ကိုစောပြန်ဖို့ တောင်းဆိုတာမျိုး၊ အလုပ်နဲ့ မဆိုင်တာတွေလုပ်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ တစ်ဖက်ကကြည့်မယ်ဆိုရင် ကိုယ့်လေးစားမှုမရှိတာ၊ စိတ်ဝင်စားမှုမရှိတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့်နဲ့ မလိုအပ် အလုပ်ပိုတွေလုပ်ရတာတွေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မလေးစားတာတွေ ရှိလာနိုင်ပါတယ်။

READ
အသက်၂၀နဲ့၃၀ကြားထဲမှာ ချမ်းသာလာဖို့လျှို့ဝှက်ချက်(၇)ခု
ကိုယ့် အမှားကိုယ် ၀န်ခံပြီး တာဝန်ယူရဲတဲ့စိတ်မရှိဘဲ၊ တပါးသူကို လွှဲချ အပြစ်တင်တာမျိုးတွေ မလုပ်မိပါစေနဲ့…. 
Brightside

တကယ်လို့ သူများက မှားနေသည့်တိုင်အောင် ပုဂ္ဂိုလ်ရေးအရ စွပ်စွဲတိုက်ခိုက်တာမျိုး မဟုတ်ဘဲ အပြုသဘောဆောင်ပြီး ထောက်ပြတာမျိုးပဲ ရှိသင့်ပါတယ်။ စကားဆိုတာ အတိုင်းအတတစ်ခုထိ ပြန့်ကားသွားတတ်တယ်။ ဒီ့အတွက် မလိုလားအပ်တာတွေနဲ့ ယုံကြည်မှုနဲ့ လေးစားမှုဆိုတဲ့ ကဏ္ဍတွေကို အပျက်ဆီးမခံပါနဲ့။

လက်ရှိ အလုပ်နဲ့ အရင်အလုပ်ကို ဘယ်တော့မှ နှိုင်းယှဉ်မပြောပါနဲ့။
Brightside

အခက်အခဲကတော့ နေရာတိုင်းမှာရှိနေမှာပဲ။ လက်ရှိအလုပ်မှာ ကိုယ်မျှော်လင့်သလောက် မဖြစ်ထွန်းတာ၊ ထင်သလောက် အဆင်မပြေတာတွေ ကြုံလာတဲ့အခါမှာ အရင်ရရှိဖူးတဲ့ အခွင့်အရေးတွေနဲ့ ပြန်မနှိုင်းယှဉ်ပါနဲ့။ အရှိန်အဟုန်းနဲ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်သစ်ကမ္ဘာမှာ ရှေးရိုးစွဲ ပြင်းထန်သူတွေထက် လိုက်လျောညီထွေး တွေးခေါ်တတ်သူတွေ ပိုတန်ဖိုးတက်လာတာကို တွေ့နေရပါတယ်။

ကြိုးစားကြည့်မယ်….
Brightside

ဒီ စကားကြီးက တစ်နည်းအားဖြင့် သင့်ကို တာဝန်ပေးထားတဲ့ အရာကို  ပြီးမြောက်ဖို့ မသေချာဘူးလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ တာဝန်ကို ရှောင်လွှဲတာမျိုးလဲ အထင်မြင်ခံရနိုင်တယ်။ အရေးကြီးတာက အလုပ်မှာ ကြိုးစားမှုနဲ့ ရလဒ်တစ်ခုကို ပြနိုင်ဖို့က အဓိကပါပဲ။ ဒါကြောင့်မို့ ကြုံတွေရနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင် ညှိနှိုင်းတာမျိုးနဲ့ မှားယွင်းသွားတဲ့အခါမှာလည်း အဆုံးစွန်ထိ ရိုးသာဖို့လိုအပ်ပါတယ်။

လုပ်စရာတွေ အရမ်းများနေတယ်။
Brightside

ဒီလို ပြောလိုက်ခြင်းဖြင့် ကိုယ့်အတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တယ်။ သင့်အနေနဲု့ငြင်းဆိုတာထက် ဘယ်တစ်ခုက ပိုအရေးပါသလဲ သိအောင် အရင်လုပ်သင့်တယ်။ တစ်ခါတစ်ရံမှာ တစ်ခုတည်းကို အားလုံး စူးစိုက်ပြီး လုပ်နေတာကောင်းပါတယ်။ ဒါပေမယ့် သင့်အတွက် ပိုအရေးပါတာတွေလည်း ရှိလာတတ်တယ်။

READ
လုပ်ငန်းခွင်တွေမှာအဆင်ပြေဖို့ ရှောင်ရှားရမယ့်အချက်(၅)ချက်
ဒါ ကိုယ်နဲ့ မဆိုင်ဘူး… ကိုယ့် ပြဿနာမဟုတ်ဘူး…
Brightside

ဒီနေ့မှာ ပေါ်လာတဲ့ ကိစ္စတစ်ခုဟာ သင်နဲ့ မဆိုင်ဘူးလို့ ထင်ပေမယ့် အဲ့ဒီအရာက တဖြည်းဖြည်းကြီးထွားလာပြီး သင့် အလုပ်ကိုတောင် ပြိုလဲသွားစေနိုင်တယ်။ ဒီ့အတွက်ကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ရှိရင် ရဲရဲသာဖွင့်ဟလိုက်ပါ။ အလုပ်မဖြစ်ဘူးဆိုရင်တောင်မှ သင့်အနေနဲ့ အလုပ်အပေါ် စိတ်ဝင်စားမှုရှိတာကို ပေါ်လွင်စေပြီး၊ နောက်တစ်ခါ အကြံအဉာဏ်ရှာဖွေချိန်မှာလည်း ကိုယ့်ကို အားကိုတကြီး ရှိလာမယ်။

စဉ်းစားပါတယ်….
Brightside

တစ်ခုခု ချွတ်ချော်သွားလို့ အမှားကို ဒဲ့ဝင်မခံဘဲ၊ ဒီလိုမျိုး တတ်ယောင်ကာ အထာနဲ့ ဆင်ခြေပေးတာမျိုးက အလုပ်ရှင်တိုင်း မကြိုက်ကြပါဘူး။ မှားသွားတဲ့အခါ သင့်အနေနဲ့ စဉ်းစဉ်းစားစားလုပ်ပါတယ် ဒါပေမယ့်… ဆိုတာကို ပေါ်လွင်စေပေမယ့် တစ်စုံတစ်ခု မရှင်းတာဆို မလုပ်ခင်ကတည်းက ရှင်းရှင်းလင်းလင်းသိအောင် အရင် လုပ်သင့်ပါတယ်။ ကိုယ့် အမှားကိုယ် ၀န်ခံတတ်တာ၊ တာဝန်ယူတတ်တဲ့ စိတ်ရှိတာက အလုပ်ရှင်းတိုင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိစေပြီး သက်ညှာခွင့်တွေကိုလည်း အပြည့်အ၀ခံစားရမှာပါ။

Matthew (ShweMOM)

 

SHARE