“Friend Zone”ထိုင်းရုပ်ရှင်ကားကြီးအတွက်ဇာတ်ဝင်တေးသီဆိုခဲ့တဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံရပ်ခြားကိုပါ ခြေဆန့်ပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ေ်နတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Friend Zone” အတွက် ဇာတ်ဝင်တေးသီချင်းသီဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ “Friend Zone”  ထိုင်းရုပ်ရှင်မီဒီယာမိတ်ဆက်ပွဲ ကိုတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ “Friend Zone”ရုပ်ရှင်ကားကတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာလည်း လာရောက်ရိုက်ကူးသွားတယ်လို့သိရပါတယ်။

“Friend Zone” ရုပ်ရှင်ဇာတ်ကားကတော့ Bad Geniusနဲ့ Brother of the Yearတို့ကို ထုတ်လုပ်ခဲ့တဲ့ ထုတ်လုပ်ရေးကပဲ ထုတ်လုပ်မှာဖြစ်လို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့လည်း မျှော်လင့်ရပါတယ်။ “Friend Zone” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီနှစ် ဘာလင်တိုင်းဒေးမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

READ
ငယ်ဘ၀ အမှတ်တရ ပုံလေးတွေကို ထုတ်ပြခဲ့တဲ့ ပိုပို

SOurce: Phyu Phyu Kyaw Thein

SHARE