သေချာမကြည့်ရင် မျက်လုံးပြူးသွားစေမယ့် ဓာတ်ပုံများ

ဒီတစ်ခါကတော့ အရင်ပုံတွေတုန်းကနဲ့ မတူဘဲ ဖြတ်ကနဲကြည့်မိတာနဲ့ ဟ … ဘာလဲဟလို့မိပြီး မရဲတရဲ ထပ်ကြည့်စေ
မယ့် ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Shwemom ပရိသတ်ကြီး ရယ်မော ပျော်ရွှင်နိုင်ပါစေကြောင်း။

(၁) အမြင်မတော် ဆင်တော်နဲ့ ခလောက်

ပုံမြင်ပြီး ဘာကြီးလဲဆိုပြီး မျက်လုံးကို ပြူးပြဲကြည့်မိသွားမယ်ဆိုတာ သေချာပါတယ်။ တကယ်တော့ ဒီကောင်မလေး ကြိုးကို ခိုစီးနေတဲ့ပုံစံကလည်း အသည်းယားစရာကြီးပဲလေ။

(၂) အနီကတ်နဲ့ ထိုက်တန်တဲ့ ဒိုင်လူကြီး

ဒိုင်လူကြီးကတော့ ခပ်ကြမ်းကြမ်း ကစားတဲ့ ကစားသမားတစ်ယောက်ကို ” ဟေ့လူ … အေးဆေး “ဆိုပြီး ပြောနေတဲ့ ပုံစံပါဘဲ။ ဒါပေမယ့် သူပုံကို အမှတ်မထင် ကြည့်လိုက်မိရင် ဟာ ဒီဒိုင်လူကြီး ဘောလုံးကွင်းကြီးထဲ ရုပ်တည်ကြီးနဲ့ မဖွယ်မရာ လုပ်နေတာလို့ ထင်စရာ ရှိပါတယ်။

(၃) ညရောက်အောင် စောင့်ပါဦးဗျာ

သတို့သား သတို့သမီး အနမ်းပေးနေတဲ့ ပုံပါ။ ဒါပေမယ့် ရုတ်တရက်ကြည့်ရင် အင် ဒီ သတို့သား ညရောက်အောင်တောင် မစောင့်နိုင်ဘူးလား ထင်စရာပဲ။ အမှန်တော့ သူ့ရဲ့ လက်ပါဗျာ။

(၄) ဟင် … ဘာကြီးလဲ

ဒီဓာတ်ပုံ မြင်လိုက်တာနဲ့ ကောင်မလေးတွေ ရှက်သွေးဖြာသွားစေမယ်ဆိုတာ ကျုပ် ရဲရဲကြီး အာမခံပါတယ်။ သေချာ
ကြည့်လိုက်တော့ အင် … ငနဲသား … ဒီလောက် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်အောင် လမ်းလျှောက်ရကောင်းလား စိတ်ထဲ
မှာ ကြိတ်ဆဲမိလောက်မယ် ထင်တယ်။

READ
အိပ်တဲ့အခါတိုင်း ၀က်ဝံရုပ်လေးကို ဖက်ပြီးမှ အိပ်လေ့ရှိတဲ့ ချစ်စရာရှဉ့်ကလေး

(၅) ဖရိန် စောင်းနေသလားလို့

6

သြော် … ဒီကောင်မလေး ဖရိန်တွေများ စောင်းနေသလား … ပေါ့။ မဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာ သုံးတဲ့ ခေါင်းအုံး အ
သေးလေးတွေပါ။ သေချာ ကြည့်နော်။

(၆) အင်ဂျင်နီယာရဲ့ ပညာ

တစ်ချို့ အင်ဂျင်နီယာတွေက အဆောက်ဦတို့ တံတားတို့ကို အသားပေးပြီး ပညာပြတာမျိုး မလုပ်ပါဘူး။ ဒီအင်ဂျင်နီယာဆိုရင် ဘယ်လောက် ပညာသား ပါလိုက်သလဲ။ ပုံရိပ်တွေအများကြီးကို လျှို့ဝှက် ဖန်တီးပေးပြီး တံတားတစ်ခု တည်
ဆောက်လိုက်တယ်။ တံတားပေါက်တွေထဲက အလင်းရောင်တွေကျနေတာပါ။

(၇) သေချာကြည့်နော်

ဒီခွေးလေးကလည်း နေတတ်ထိုင်တတ်လိုက်တာ … သေချာကြည့်ပါ … ဒီပုံဟာ တကယ့် ခွေးပါ။

(၈) ဘာ မြင်ရပြီး ရမ်းရယ်နေတာလဲ … ?

အမှန်တော့ သတင်းထောက်မှာ ဘာမှ အပြစ်မရှိပါဘူး။ ဒါပေမယ့် ဒီဗွီဒီယိုကို စာတန်းထိုးပေးတဲ့သူကတော့ စားလုံး
ပေါင်း မှားယွင်းပြီး climax ဆိုတဲ့စကားကို သုံးထားပါတယ်။ Dictionary ထဲသာ ရှာကြည့်ကြပေတော့။

(၉) တစ်ခါတလေ တိုင်ပတ်တတ်သည်

မျဉ်းဖြောင့် မျဉ်းကွေးကို မှန်အောင် မဆွဲတတ်ဘူးဆိုရင် တစ်ခါတလေ တိုင်ပတ်တတ်ပါတယ်။ ဒီပုံထဲမှာ ပါတဲ့ အစီအစဉ် တင်ဆက်သူကတော့ ပုံတစ်ခုကို ဆွဲပြရင်း အဓိပ္ပါယ်တစ်မျိုးကို ဦးတည်စေတဲ့ ပုံတစ်ပုံကို မြင်ရစေပါတယ်။

READ
PPAP သီချင်းကို နာမည်ကြီးသီချင်း၉ပုဒ်နှင့် ရောသမမွှေခြင်း

(၁၀) အချစ်ကို ဘယ်မှာ ရှာရမလဲ …. ?

အမှန်တော့ မေးခွန်းက လွယ်လွယ်လေးပါ။ Where to find love ? အချစ်ကို ဘယ်မှာ ရှာမှာလဲပေါ့။ အပေါ်မှာ စာလုံးနှစ်လုံးကို ဖြောက်ပြီး ပဟေဠိလုပ်ထားပါတယ် … P … … I S ပေါ့။ မေးခွန်းမေးတဲ့သူက ပဲရစ်မြို့ကို ဖြေစေချင်ပုံ ရပါတယ်။ ဒါပေမယ့် ဓာတ်ပုံကြည့်မိတဲ့သူရဲ့ အဖြေက … ?

(၁၁) အတော်ဆိုးတဲ့ Mickey

ဒီပုံထဲမှာတော့ Mickey ဟာ ဘယ်ကနေ ဘာကို ချောင်းကြည့်နေတယ်လို့ ထင်မိသလဲ။

(၁၂) ကြော်ငြာ

သုံစရာ စကားလုံးရှားလို့ ကြော်ငြာဒါရိုက်တာရယ် … ဘာတဲ့ လက်ချောင်းနှစ်ချောင်းနဲ့ လက်မကို သုံးပြီးလုပ်လို့ရတဲ့
အရာ … အဲဒါဟာ အဲဒါက အံ့သြစရာပဲ-တဲ့။ ကောင်မလေးလည်း ရှက်ပြီး ရယ်နေသေးတယ် … ကြော်ငြာတော့ ကြော်ငြာပဲ ဘာကြော်ငြာမှန်း မသိဘူး။

(၁၃) ထိုင်နေကြတာ

Screen Shot 2016-08-23 at 5.47.26 PM

တစ်ယောက်က သူ့ခြေထောက်သူကိုင်နေတာပါ။ နောက်တစ်ယောက်က တစောင်းထိုင်နေတာပါ။

နတ်စည်တော် (Shwemom)

source : dailymail.com

 

SHARE