အိန္ဒိယဝန်ကြီးချုပ်ကိုခြိမ်းခြောက်ထားတဲ့စာအားသယ်လာပေးတဲ့အတွက် အဖမ်းခံခဲ့ရတဲ့ခို

အိန္ဒိယ၀န်ကြီးချုပ် မိုဒီထံကို အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ ခြိမ်းခြောက်စာတွေ သယ်ဆောင်လာတဲ့ ခိုကို အိန္ဒိယအာဏာပိုင်တွေက ပါကစ္စတန်နယ်စပ်အနီးမှာ တွေ့ရှိပြီးနောက်ထိုခိုကို ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ ခြိမ်းခြောက်စာထဲမှာ 1971 ခုနှစ်မှာဖြစ်ခဲ့တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်စစ်ပွဲမှာ အိန္ဒိယအနေနဲ့ သွေးကြွေးဆပ်ခံရ
မယ်လို့ ဖော်ပြထားပါတယ်။ စာကို Urdu ဘာသာရပ်ဖြင့် ရေးသားထားပြီး ” မိုဒီ … ငါတို့က 1971 ခုနှစ်က ပါကစ္စတန်လူမျိုးတွေ မဟုတ်တော့ဘူး … အခု ကလေးရောလူကြီးရော အိန္ဒိယကို တိုက်ခိုက်ဖို့အသင့်ရှိနေပြီ “လို့ ရေးသားထားပါ
တယ်။

Narot Jaimal Singh (Pathankot) ရဲစခန်းမှ ရဲအရာရှိ Ramesh Kumar က ” ခိုငှက်ကို ခြိမ်းခြောက်စာနဲ့ ဖမ်းမိခဲ့တာပါ .. စာအောက်မှာ လက်မှတ်ထိုးထားတာကတော့ ပါကစ္စတန်အခြေစိုက်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Lashkar-e-Taiba အ
ဖွဲ့က လက်မှတ်ရေးထိုးထားပါတယ် … “လို့ ထုတ်ပြန်ခဲ့ပါတယ်။

READ
အစည်းအဝေးမှာသောင်းကျန်းခဲ့တဲ့ သတင်းထောက်ကြောင့် တင်းမာနေတဲ့ ဗြိတိန်နဲ့တရုတ်

မကြာသေးမီကလည်း မိုးပျံဘောလုံးနှစ်လုံးမှာ Urdu ဘာသာရပ်ဖြင့် အိန္ဒိယကို ခြိမ်းခြောက်ထားတဲ့စာတွေကို ပါကစ္စတန်ခြေစိုက် အကြမ်းဖက် အဖွဲ့စည်းတစ်ခုက ပေးပိုခဲ့ပြီး အဆိုပါ ဘောလုံးတွေကို အိန္ဒိယပိုင်နက် Ghesal ရွာအနီးမှာ သိမ်းဆည်းရမိခဲ့ပါတယ်။

ပါကစ္စတန်ဘက်ကနေ လွှတ်တဲ့ခိုကို ဖမ်းမှုမှာ ယခုအကြိမ်က ပထမဆုံးမဟုတ်ပဲ၊ ယခင်က ခြိမ်းခြောက်စာ သယ်
ဆောင်လာတဲ့ ခိုဖြူတစ်ကောင်၊ လျှို့ဝှက်ကင်မရာသယ်ဆောင်လာတဲ့ ခိုတစ်ကောင်တို့ကိုလည်း ဖမ်းခဲ့ကြောင်း
သိရပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း သမိုင်းဝင်စစ်နှစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး လူပေါင်း
သိန်းချီသေဆုံးခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

 

SHARE