ကနေဒါစစ်တပ်ရဲ့ဂုဏ်ထူးဆောင်တပ်ကြပ်ဘွဲ့ ချီးမြှင့်ခံရတဲ့ ပိုလာဝက်ဝံမကြီး ဂျူနို

facebook/The Toronto Zoo

ကနေဒါစစ်တပ်ဟာ ၄င်းရဲ့တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပိုလာဝက်ဝံမကြီးဂျူနိုကို ဂုဏ်ထူးဆောင်ရာထူးတိုးပေးခဲ့ပါတယ်။ ဂျူနိုဟာ တိုရန်တိုတိရစ္ဆာန်ဥယျာဉ်မှာနေထိုင်ပါတယ်။ ဂျူနိုကို ၂၀၁၅ခုနှစ် Remembrance Day မှာ မွေးဖွားပြီး သူ့ကို ကနေဒါစစ်တပ်က မွေးစားခဲ့တာပါ။ ပိုလာဝက်ဝံတွေဆိုတာကတော့ စစ်တပ်ရဲ့လာဘ်ကောင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ ကနေဒါစစ်တပ်က ဂျူနိုကမ်းခြေပေါ်ခြေချနိုင်ခဲ့တဲ့အမှတ်တရအနေနဲ့ ဒီဝက်ဝံကို ဂျူနိုဆိုပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

facebook/The Toronto Zoo

စစ်တပ်ဟာ ဂျူနိုကို စစချင်းတပ်သားရာထူးပေးခဲ့တာဖြစ်ပြီး အခုငါးနှစ်အကြာမှာတော့ သူ့ကိုဂုဏ်ထူးဆောင်တပ်ကြပ်အဖြစ် ရာထူးတိုးပေးခဲ့တာဖြစ်ပါတယ်။ တိရစ္ဆာန်ရုံကတော့ ဖေ့စ်ဘုတ်ကို အခုလိုပြောပြပါတယ်။

facebook/The Toronto Zoo

“ဂျူနိုဟာ အခုဆိုရင် တပ်ကြပ်အဆင့်ရောက်လာပါပြီ။ ဂျူနိုနဲ့ သူရဲ့အစ်ကိုတွေဖြစ်တဲ့ Hudson, Humphrey တို့ဟာဆိုရင် တစ်ကမ္ဘာလုံးက ပိုလာဝက်ဝံတွေအတွက် အာတိတ်ဒေသသံတမန်တွေအဖြစ် ဆောင်ရွက်နေကြပါတယ်။ ရာသီဥတုပြောင်းလဲမှုအကြောင်း အသိပညာဖြန့်ဝေဖို့ရယ်၊ ဒီပြောင်းလဲမှုကြောင့် သတ္တဝါတွေအပေါ်သက်ရောက်နိုင်တဲ့ အကျိုးဆက်ကိုရောပေါ့။”

READ
ကမ္ဘာမြေကြီးကို ရှုထောင့်တစ်မျိုးကမြင်စေမယ့် သဘာဝတောရိုင်းဓာတ်ပုံလေးများ
facebook/The Toronto Zoo

တိုရန်တိုတိရစ္ဆာန်ရုံရဲ့စီအီးအို Dolf DeJong ကတော့ ဂျူနိုဟာ သဘာဝပတ်ဝန်းကျင်ထဲက သူမနဲ့ ရပ်တည်ပုံချင်းတူညီသူတွေအတွက် ထူးချွန်တဲ့သံတမန်ဖြစ်နေဦးမှာပါလို့ ဆိုခဲ့ပါတယ်။ “ဂျူနိုနဲ့ အခြားပိုလာဝက်ဝံတွေဟာ တိုရန်တိုတိရစ္ဆာန်ရုံကို သူတို့အိမ်လို့ပဲတွေးကြပါတယ်။ သူတို့တွေဟာ တိရစ္ဆာန်ရုံလာတဲ့ဧည့်သည်တွေကို ရာသီဥတုပြောင်းလဲခြင်းရဲ့တိုက်ရိုက်သက်ရောက်မှုတွေ၊ သဘာဝထဲမှာ ရေခဲပင်လယ်တွေဆုံးရှုံးရတာတွေကို ပြောပြပေးဖို့ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။” လို့လည်း DeJong က ပြောကြားခဲ့ကြောင်း CNN ကတဆင့်သိရပါတယ်။

ShweMom

SHARE