လူမျက်နှာနဲ့ကြောင်ပုံသဏ္ဍာန်သတ္တ၀ါဆန်းမှာ တကယ်မရှိကြောင်း မလေးရှားရဲများဆို

ဆိုရှယ်မီဒီယာမှာ ကြောင်နဲ့တူပြီး လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့သတ္တ၀ါတစ်ကောင်တွေ့ရကြောင်း ကောလဟာလပုံတွေဟာ ပျံ့နှံ့နေပါတယ်။ အဆိုပါသတ္တ၀ါဆန်းကို မလေးရှားအနောက်ပိုင်း Pahang ဒေသမှာတွေ့ရှိခဲ့တာဖြစ်ပြီး ၄င်းသတ္တ၀ါကိုရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာအွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့ပေမယ့် ရဲအဖွဲ့ကတော့အဆိုပါသတ္တ၀ါရှိတဲ့အကြောင်းကို ငြင်းပယ်ထားတယ်လို့ Mirror သတင်းစာမျက်နှာမှာတွေ့ရှိထားပါတယ်။

(Image: AsiaWire/Facebook)

လူဦးခေါင်းလို ပန်းရောင်ဦးခေါင်းပြောင်နဲ့ သေးသွယ်ကြုံလှီပြီး ခြေလက်အင်္ဂါလေးခုပါတဲ့ သတ္တ၀ါလေးမှာ အစွယ်၂ခု၊ အနက်ရောင်ဆံပင်ပါးပါးတို့နဲ့အတူ ချွန်ထက်တဲ့ခြေသည်းလက်သည်းတွေရှိပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ Datuk Rosli Abdul Rahman ကတော့ အဆိုပါဓာတ်ပုံတွေကမမှန်ကန်ဘူးလို့ဆိုလိုက်ပါတယ်။

(Image: AsiaWire/Facebook)

သူကလူထုအနေနဲ့ ယခုလိုမဟုတ်မမှန်တဲ့တွေ့ရှိမှုတွေကို ဆက်လက်ဖြန့်ဝေတာတွေမလုပ်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာရောင်းတဲ့ ဆီလီကွန်သမန်းဝံပုလွေပေါက်အရုပ်လေးတွေဖြစ်ပြီး ဒီသတ္တ၀ါကိုတကယ်မြင်ခဲ့တဲ့အထောက်အထား မရှိဘူးလို့လဲဆိုခဲ့ပါတယ်။  ဆိုရှယ်မီဒီယာတွေထဲမှာတော့ ၄င်းထူးဆန်းတဲ့သတ္တ၀ါကို Pahang နယ်စပ်မှာတွေ့ရကြောင်း သတင်းဖြန့်ဝေခဲ့တာပါ။ Post ထဲမှာ၎င်းသတ္တ၀ါလေးကို နေရာအတိအကျမသိနိုင်တဲ့တစ်နေရာက ဓာတ်ခွဲခန်းထဲပို့ထားတယ်လို့လည်း ဆိုထားပါတယ်။

(Image: AsiaWire/Facebook)

ဒီနှစ်အစောပိုင်းတုန်းကလည်း လူမျက်နှာပုံစံနဲ့ဆိတ်တစ်ကောင်က အိန္ဒိယရွာတစ်ရွာကိုခြောက်ခြားစေခဲ့ကာ အွန်လိုင်းသုံးစွဲသူတွေကိုလည်း ပဟေဠိဖြစ်စေခဲ့ပါတယ်။ ယင်းထူးဆန်းတဲ့ဆိတ်ကိုလည်း အိန္ဒိယပြည်နယ်တစ်ခုမှာတွေ့ရှိခဲ့တာပါ။  ဆိတ်ရဲ့ပါးစပ်က အပေါ်ဘက်ကိုကွေးတက်နေပြီး နှုတ်သီးနေရာလည်း လူနှာခေါင်းနဲ့ဆင်တူနေခဲ့တာဖြစ်ပါတယ်။ ထို့အပြင်နိုင်ဂျီးယားက မိန်းမတစ်ယောက်ကလည်း ၂နှစ်ကြာကိုယ်ဝန်ဆောင်ပြီးတဲ့နောက်မှာ ဆိတ်နဲ့တူတဲ့ကလေးလေး မွေးခဲ့တယ်ဆိုပြီး သတင်းထွက်လာခဲ့ပါသေးတယ်။

READ
ဘာဟူဘာလီမင်းသား ခုန်သလို,ခုန်ခဲ့တဲ့ အမျိုးသား၊ ဦးခေါင်းထိခိုက်ပြီး သေဆုံး

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE