(12)နာရီကြာ အထောင်မက်လွန်နေလို့ အပြာဇာတ်ကားရိုက်ကူးမှုမှ အနားယူခဲ့ရသူ

အပြာဇာတ်ကားလောကမှာ 10 နှစ်ကျော်ကြာ ကျင်လည်ပြီး ဇာတ်လမ်းပေါင်း 600 ကျော် ရိုက်ကူးခဲ့တဲ့ အပြာမင်းသား Christopher Zeischegg ဟာ Prolonged erection (အလွန်ကြာမြင့်စွာထောင်မက်ခြင်း) လို့ခေါ်တဲ့ Priapism အခြေအနေကို ရင်ဆိုင်ခဲ့ပြီးနောက် ဆေးရုံအရေးပေါ် တက်ခဲ့ရပါတယ်။

သူကိုတော့ အပြာလောကမှာ Danny Wylde လို့ လူသိ ပိုများကြတယ်လို့ ဆိုပါတယ်။ သူဟာ 12 နာရီကြာတဲ့အထိ ငယ်ပါက ထောင်မက်နေဆဲဖြစ်လို့ ဆရာဝန်တွေက အပြာဇာတ်ကားရိုက်ကူးထုတ်လုပ်မှုမှ နှုတ်ထွက်ဖို့ ဖိအားပေးကြလို့ သူကိုယ်တိုင် အနားယူပြီလို့လည်း ကြေငြာခဲ့ပါတယ်။

သူဟာ ဒီလို Priapism အခြေအနေကို သုံးကြိမ်တိုင် ရင်ဆိုင်ခဲ့ရပြီး၊ အခုအခါမှာ အကြာဆုံးလို့ သိရပါတယ်။ Danny ဟာ ပန်းသေပန်းညှိုးဖြစ်ခြင်းကို စောစီးစွာခံစားရပြီး၊ ယင်အတွက် တစ်ပွဲတိုးထောင်မက်ဆေးတွေကို ဆက်တိုက်သုံးခဲ့ရပါတယ်။ဒါဟာ Priapism အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ Danny က ” သုံးကြိမ်မြောက်ကျတော့ ဒေါက်တာတွေက ဒီထိုးဆေးတွေ ဆက်သုံးနေရင် မျိုးပွားအင်္ဂါထဲက ကြွက်သားတစ်ရှူးပျက်စီးမှုတွေပါ ဖြစ်လာမှာလို့ သတိပေးကြပါတယ် “လို့ ပြောခဲ့ပါတယ်။

READ
အန္တရာယ်များလွန်းတဲ့ ထမ့်လုံဂူတွင်း ကယ်ဆယ်ရေးနောက်ကွယ်က ရေငုပ်သူရဲကောင်း

Danny ဟာ အခုအချိန်မှာ ငွေကြေးအတော်စုနိုင်ဆောင်းနိုင် ဖြစ်နေပြီး၊ ဇာတ်လမ်းတစ်ခန်း ရိုက်ကူးဖို့အတွက် 245 ပေါင်မှ ပေါင် 500 အထိ ရတယ်လို့ ဆိုပါတယ်။ သူဟာ တစ်လ ပေါင် 3500 တန်ကြေးရှိ စာချုပ်တစ်ခု ချုပ်ဆိုထားခဲ့ပြီး၊ တစ်ပတ်မှာ ခြောက်ရက်အထိ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

source : mirror.co.uk

SHARE