နှစ်သစ်မှာ ပွေ့ဖက်မဲ့သူမရှိတဲ့အပြင် စင်ပေါ်ကပါ ပြုတ်ကျခဲ့တဲ့Post Malone

Twitter/Fawz

အသက်၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Post Malone တစ်ယောက်ဟာ နှစ်သစ်ကူးညကို New York မြို့မှာရှိတဲ့ Times Squareမှာ ပရိသတ်တွေနဲ့အတူဖျော်ဖြေမှုတွေလုပ်ရင်း ကုန်ဆုံးခဲ့ပါတယ်။အဲဒီအချိန်အတောအတွင်းမှာ Maloneဟာ စင်ပေါ်မှာ ဓာတ်ပုံရိုက်ခံနေတဲ့အတောတွင်း ဟန်ချက်ပျက်ကာ ရုတ်တ၇က် စင်အောက်မှာရှိတဲ့ ပရိသတ်တွေကြားထဲကို ပြုတ်ကျခဲ့ပါတယ်။

Twitter-PostMalone

 

View this post on Instagram

 

A post shared by @postmalone on

အခုလိုပြုတ်ကျခဲ့ပေမယ့်လည်း Maloneတစ်ယောက် အပြုံးမပျက်ခဲ့ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ သူရုတ်တရက်ပြုတ်ကျကျခြင်း အနောက်မှာရှိတဲ့ သူ့လူတွေက ရုတ်ရက်ရောက်လာပြီး ပြန်ဆွဲတင်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ရှိပါသေးတယ်။အဲဒါကတော့ ည ၁၂နာရီထိုးပြီး နှစ်သစ်ရောက်တဲ့အချိန်မှာ Maloneနဲ့အတူတူ New Yearကိုအတူတူကြိုဆိုခဲ့တဲ့သူတွေက ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့BTSဖြစ်နေတာပါပဲ။

READ
အနက်ရောင် ကတ္တီပါပွဲတက်ဝတ်စုံလေးနဲ့ လှလွန်းနေတဲ့ မေရီ

 

BTS အဖွဲ့ရဲ့ ပရိသတ်တွေပြောပြချက်အရ ၁၂နာရီအတိNew Year ရောက်တဲ့အချိန် Post Maloneဟာ အနီးအနားမှာသူ့ကို ပွေ့ဖက်မဲ့သူမရှိပဲ တစ်ယောက်တည်း ခဏတာ ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် အနားမှာရှိတဲ့ BTS အဖွဲ့ကို ရုတ်တရက်ပွေ့ဖက်ခဲ့ပါတယ်။ Post Maloneဟာ သူ့ရဲ့Twitter အကောင့်မှာ သူ့ရဲ့ပုံနဲ့အတူတူ “Have a good ass New Year”လို့လဲ သူ့ပရိသတ်တွေအတွက် ပို့စ်တစ်ခုတင်ခဲ့ပါသေးတယ်။

READ
မတ်လထုတ် Vogue Australia မဂ္ဂဇင်းမှာ တွေ့ရတဲ့ Emma Watson
[email protected]

Pyi Hein Kyaw

SHARE