ပုစွန်ထုပ်မီးဖုတ်ငပိထောင်းလုပ်စားကြမယ် (ပြောရင်းနဲ့တောင် စားချင်လာပြီ)

ပုစွန်လည်းကြိုက် ၊ ငပိလည်းကြိုက်တဲ့သူတွေ အတွက်တော့ အသံကြားတာနဲ့ကို သရေကျချင်စရာပါ။
ခံတွင်းပျက်နေတဲ့ အချိန်တွေဆိုရင်တော့ အရမ်းကိုကောင်းမယ့် အစားအသောက်ပါ။ တို့စရာစုံစုံလင်
လင်လေးနဲ့များစားလိုက်ရရင်တော့ ဂလု။ ကဲအောက်မှာတော့ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါ
တယ်။

ပါဝင်သောပစ္စည်း

ပုစွန်တုပ် ၅ကောင်
ပုစွန်ငပိ လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၂လုံး
ငရုတ်သီးစိမ်း ၁၀တောင့်
သံပုရာသီး ၁လုံး
မြေပဲဆီ အနည်းငယ်

ချက်ပြုတ်နည်း

-ပုစွန်တုပ်များကိုရေဆေး၍မီးဖုတ်ကာအခွံခွာထားပါ။
-ငရုတ်သီးစိမ်းများကိုလှော်၍ပုစွန်ငပိနှင့်ကြက်သွန်နီိကိုမီးအေးအေးနှင့်ကင်ပေးပါ။
-ပြီးနောက်ကြက်သွန်နီကိုအအေးခံ၍အခွံခွာထားပါ။

-ငရုတ်ဆုံထဲတွင်ပထမဦးစွာကြက်သွန်နီနှင့်ငရုတ်သီးစိမ်းကိုထောင်းပါ။အနှစ်များညက်လျှင်ပုစွန်ငပိ
ထည့်ကာထောင်းပေးပါ။

-ထို့နောက်ပုစွန်တုပ်မီးဖုတ် အရသာမှုန့် ဆားအနည်းငယ်တို့ထည့်၍ထောင်းပီးလျှင်ပန်ကန်တစ်ခု
ထဲသို့ပြောင်းထည့်ပြီးသံပုရာရည် မြေပဲဆီတို့ဆမ်း၍သုံးဆောင်နိုင်ပါပြီ။

READ
ကျန်းမာသက်ရှည်ဖို့ ရှောင်ရန်ဆောင်ရန် အစားအစာများ

ကြိုက်မကြိုက်ပြောပေးအုံးနော်။

Ei’s Cooking Diary ( https://www.facebook.com/eicookingdiary/ ) ၏ခွင့်ပြုချက်ဖြင့်ကူးယူ
ဖော်ပြသည်။ (သူ့ Page လေးကိုလည်း Likeပေးထားလိုက်အုံးနော်)

Myanmar Online Media

SHARE