၂၀၁၇-၁၈ပရီးမီးယားလိဂ်ပွဲစဉ်အချိန်ဇယားထွက်ပေါ်ခဲ့ပြီး ချန်ပီယံချယ်လ်ဆီး ပွဲကျပ်နေ

လာမယ့်သြဂုတ်လ(၁၂)ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမယ့် ၂၀၁၇-၁၈ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အချိန်ဇယား
များထွက်ပေါ်ခဲ့ပါတယ်။ ပွဲစဉ်ရေးဆွဲမှုများအရ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ပွဲစဉ်(၁)ကို အိမ်ကွင်းစတန်းဖို့ဒ်
ဘရစ်ခ်ျမှာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် ပွဲစဉ်(၂)ကနေ (၅)အထိ စပါး၊ အဲဗာတန်၊ လက်စတာ၊ အာဆင်နယ်အသင်းတို့နဲ့ ဆက်တိုက်တွေ့နေလို့ ပွဲကျပ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းတူ ပွဲကျပ်နေတဲ့ လန်ဒန်ပြိုင်ဘက်အသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး ပွဲစဉ်(၁)မှာပဲ
လက်စတာအသင်းနဲ့တွေ့ဆုံနေသလို စတုခ်စီးတီး၊ လီဗာပူးလ်၊ ဘုန်းမောက်၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်
ကစားရမှာဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးအသင်းကတော့ ပွဲဦးထွက်မှာ တန်းတက်ဘရိုက်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်
ပြိုင်ကစားရမှာဖြစ်ပြီး အဲဗာတန်၊ ဘုန်းမောက်၊ လီဗာပူးလ်၊ ၀က်ဖို့ဒ်တို့နဲ့ ဆက်တိုက်ကစားသွားရမှာပါ။ ဒါပေမယ့် မန်စီး
တီးအသင်းဟာ အဲဗာတန်နဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ပွဲချောင်တဲ့အသင်း
ထဲမှာပါတယ်လို့ သတ်မှတ်ရမှာပါ။

READ
(၂၅-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လီဗာပူးလ်အသင်းရဲ့ ပထမဆုံးပွဲဦးထွက် (၅)ပွဲကတော့ ၀က်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ မန်စီးတီး၊ ဘန်လေ
တို့ဖြစ်ကြပြီး ပြီးခဲ့တဲ့ရာသီက အသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ တစ်ပွဲမှမရှုံးခဲ့ဘဲ အမှတ်အများဆုံးရယူနိုင်ခဲ့တဲ့
နည်းပြဂျာဂင်ကလော့ပ်အနေဖြင့် အာဆင်နယ်၊ မန်စီးတီးနဲ့ပွဲမှာ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့
ကောင်းပါတယ်။

ပွဲစဉ်ရေးဆွဲမှုအရ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေမှာ မန်ယူအသင်းက ပွဲအချောင်ဆုံးဖြစ်ပြီး ပထမဆုံးပွဲဦးထွက်
မှာ ၀က်စ်ဟမ်းအသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ နောက်ပြီး ဆွမ်ဆီး၊ လက်စတာ၊ စတုခ်
စီးတီး၊ အဲဗာတန်အသင်းတို့နဲ့ ဆက်တိုက်တွေ့မှာမို့လို့ မန်ယူအသင်းဟာ ပွဲအချောင်ဆုံးဖြစ်ပါတယ်။ အသင်းကြီးတွေ
နဲ့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်အဖြစ် မန်ယူအသင်းဟာ (၁၀)လပိုင်း (၁၄)ရက်နေ့မှ လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်ဒါဘီ
ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြီးရင် အဲဒီလထဲမှာပဲ စပါး၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်ကစားရမှာကြောင့်မန်ယူအသင်းဟာ (၉)လပိုင်းမှ ပွဲကျပ်ကာလကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

READ
ဆာလက် ကို ပစ်မှတ်ထားပြီး ကစားမှာမဟုတ်ဘူးလို့ ဂိုဒင် ပြော

လာမယ့်နှစ်မှာ ရုရှားနိုင်ငံမှာကျင်းပမယ့် ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲရှိပြီး အင်္ဂလန်အသင်းလေ့ကျင့်ချိန်ပိုရစေရန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်အချိန်ဇယားများကို ရက်အနည်းငယ်တိုးထားတယ်လို့ သိရပါတယ်။ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်
ရာသီကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၁၂)ရက်မှာ စတင်မှာဖြစ်ပြီး (၁၃)ရက်၊ မေလ၊ ၂၀၁၈ခုနှစ်မှာ အဆုံးသတ်မှာဖြစ်ပါ
တယ်။

M2T(Shwemom)
Source; Goal.com
SHARE