BTS ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု ချီးကျူးလိုက်တဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း

Twitter/Puttt

BTS ကတော့ တကယ့်ကို အောင်မြင်မှုတွေ ရထိုက်တဲ့ အဖွဲ့ ဖြစ်ကြောင်းကို သူတို့ရဲ့ အောင်မြင်မှုတွေကပဲ သက်သေထူလျက် ရှိပါတယ်။ အခုလည်း သူတို့ရဲ့ အောင်မြင်မှုတစ်ခုအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတ ကိုယ်တိုင်က သူတို့ကို လူသိရှင်ကြား ဂုဏ်ပြုစကား ဆိုတာကို ရရှိခဲ့ပါတယ်လို့ kstarlive ကနေ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁ ရက်နေ့မှာပဲ သမ္မတ မွန်ဂျေအင်းက သူ့ရဲ့ Twitter မှာ BTS ကို ဂုဏ်ယူကြောင်း ချီးကျူးစကား ရေးသားထားခဲ့ပါတယ်။ BTS က သူတို့ရဲ့ Dynamite သီချင်းနဲ့ Billboard’s Hot 100 စာရင်းရဲ့ နံပါတ် တစ် နေရာကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတဖြစ်သူက ဒီလို Billboard ရဲ့ နံပါတ် တစ် ဖြစ်သွားတာက K-pop သမိုင်းမှာ ပထမဆုံး ရရှိအောင် လုပ်နိုင်တဲ့ အဖွဲ့အဖြစ် သမိုင်းဝင်စေတာပဲ ဖြစ်ပါတယ်။ Billboard ရဲ့ ထိပ်ဆုံး ၂၀၀ စာရင်းထဲမှာ လေးကြိမ် ပါဝင်ခဲ့ပြီးတဲ့နောက်မှာတော့ အခုတော့ Chart နှစ်ခုလုံးရဲ့ နံပါတ် တစ် ဖြစ်သွားခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

 

သမ္မတဖြစ်သူက သီချင်းအပေါ်ကိုလည်း အခုလိုပဲ မှတ်ချက်ပြုထားခဲ့ပါတယ်။ အခုလို ကိုဗစ် – ၁၉ ကို ရင်ဆိုင်နေရတဲ့ ကာလမှာ အခုလိုမျိုး အများပြည်သူကို အားဖြစ်စေပြီး စိတ်သက်သာရာရစေတဲ့ သီချင်းကို ရေးစပ်ထားတာ တကယ့်ကို အဓိပ္ပာယ် ရှိပါတယ်။ ဒါကြောင့်လည်း တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်ကနေ ရေးသားထားခဲ့တာပါ။

READ
လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးခံနေရတဲ့ Sylvester Stallone

 

သမ္မတရဲ့ ဂုဏ်ပြုစကားကြောင့် BTS ကလည်း “ကျွန်တော်တို့ကို ဂုဏ်ပြုစကား ပြောပေးလို့ ကျေးဇူးတင်ပါတယ် သမ္မတမွန်ဂျေအင်းခင်ဗျာ။ အခုလို ခက်ခဲတဲ့အချိန်ကို ကျွန်တော်တို့ ရင်ဆိုင်နေကြရပေမယ့် ကျွန်တော်တို့ရဲ့ သီချင်းက တကယ်ပဲ ခွန်အားတွေ ဖြစ်စေခဲ့ဖို့ မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော်နိုင်ငံ ပြန်ပြီး ကျန်းမာပြီး အဆင်ပြေလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ ဂီတနဲ့ အကောင်းဆုံး ကြိုးစားနေပါ့မယ်” လို့ ပြန်လည် တုန့်ပြန်ရေးသားခဲ့ပါတယ်။

READ
ချစ်စရာညီမလေးစိုးပြည့်ကို စိတ်မချလို့ အမှာစကားခြွေလိုက်တဲ့ စန္ဒီမြင့်လွင်

 

Kham

 

SHARE