လူတစ်ယောက်က လမ်းမှားရောက်ခဲ့ဖူးရင်တောင် ကိုယ့်အမှားကိုယ်ပြန်ပြင်ပြီး လမ်းမှန်ပေါ်ရောက်နိုင်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုး တကယ်ရှိပါတယ်နော်။ မယုံမရှိပါနဲ့။ အင်္ဂလန်နိုင်ငံသား Stephen Akpabio – Klementowski ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ မူးယစ်ဆေးရောင်းချလို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ထောင်သားတစ်ယောက် ဘ၀ကနေ တက္ကသိုလ်မှာ စာသင်တဲ့ ဆရာတစ်ယောက် ဖြစ်ခဲ့တဲ့အထိ သူ့ရဲ့အမှားတွေကို ပြုပြင်ပြီး ဘ၀ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။
Dr Stephen Akpabio-Klementowski was sentenced to 16 years for drug dealing. He turned his life around, earning three degrees in prison and then going on to gain his Phd after his release.https://t.co/n5ZLgfHqOy
— Prof. Simon N. Gicharu (@SimonNGicharu) August 16, 2020
Stephen က အသက်(၂၀)၀န်းကျင်လောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင် ၁၆ နှစ်ကျခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ သူရဲ့ဆယ်ကျော်သက်ဘ၀မှာ လမ်းမှားရောက်ပြီး မူးယစ်ဆေးရောင်းဝယ်မှုကြောင့် ထောင်ကျခဲ့တာပဲ ဖြစ်ပါတယ်။ ထောင်ထဲရောက်ပြီး လအနည်းငယ်မှာတော့ သူရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတာတွေကို တွေ့ခဲ့တဲ့ သူတွေက သူ့ကို တက္ကသိုလ်တက်ဖို့ အားပေးခဲ့ရာကနေ Stephen က ထောင်ထဲနေရင်း ကျောင်းတက်ဖြစ်သွားတာပဲ ဖြစ်ပါတယ်လို့ BBC News ကပြောကြားခဲ့ပါတယ်။
“By the time I left prison I had completed my first degree. I had also completed two further degrees at Masters level.” – Stephen Akpabio-Klementowski
An amazing @BBCIdeas film. pic.twitter.com/6bKqHU1H1B
— BBC Radio 4 (@BBCRadio4) August 11, 2020
Stephen က UK’s Open University မှာ တက်ခဲ့တာဖြစ်ပြီး နေ့အချိန်တွေမှာတော့ မိးဖိုမှာ အလုပ်လုပ်ရင်း ညဘက်တွေမှာ စာလုပ်ခဲ့ပါတယ်တဲ့။ သူရဲ့ စိတ်ပါဝင်စားမှုနဲ့ ဇွဲမလျော့တက်တဲ့ စိတ်တွေကြောင့် Stephen က သူရဲ့စာလုပ်ချိန်ကို ဘယ်အရာနဲ့မှ ထိခိုက်ခြင်းမခံပဲ နေရာမရွေးစာလုပ်ရင်း ကြိုးစားခဲ့သူပဲ ဖြစ်ပါတယ်။ သူရဲ့ ပထမဆုံးစာမေးပွဲကို အောင်မြင်ပြီးချိန်မှာတာင် ထောင်ထဲက ဘ၀အကျဉ်းသားတွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ အကျဉ်းသားတစ်ချို့နဲ့ ၀န်ထမ်းတွေက သူဘယ်လာက် ကြိုးစားကြိုးစား သူ့မှာရှိနေတဲ့ ပြစ်ချက်မှတ်တမ်းကြောင့် ဘယ်တော့မှ လူမွှေးလူရောင် ပြောင်မှာ မဟုတ်ဘူးဆိုပြီး နှိမ့်ချတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဘယ်သူတွေဘာလောက်ပြောပြော Stephen က အားမလျော့ပဲ ကြိုးစားခဲ့သလို တစ်ဖက်မှာလည်း စည်းကမ်းနဲ့အညီ နေထိုင်ပြုမူခဲ့တောကြာင့် လျော့ရက်ပေါင်းများစွာ ခံစားခွင့်ရခဲ့ပြီး (၈)နှစ်အကြာမှာ ထောင်က လွတ်ခဲ့ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ မနားမနာ ကြိုးစားပြီး ပညာရေး လိုက်စားခဲ့တာကြောင့် မာစတာဘွဲ့နှစ်ခုနဲ့ ရိုးရိုးဘွဲ့တစ်ခု ရရှိခဲ့ပါတယ်။ ထောင်ကလွတ်ပြီးချိန်မှာတော့ သူတက်ခဲ့တဲ့ Open University မှာ မှုခင်းဆိုင်ရာဆရာ ပြန်လုပ်ပြီး သူ့လိုပဲ ထောင်ထဲက ကလေးတွေကို စာပြန်သင်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ Stephen က ကိုယ်ပိုင်မိသားစုလေးနဲ့ ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းနေပြီပဲ ဖြစ်ပါတယ်။ ထောင်ထဲက လူငယ်တွေကို သူ့ဘ၀ကိုကြည့်ပြီး အားမလျော့ပဲ ကြိုးစားစေကြောင်း Stephen က BBC ရုပ်သံနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အားပေးစကား ပြောကြားခဲ့ပါတယ်။
TPS