ရန်ပွဲတွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ ဂျပန်နိုင်ငံက PS5 ဈေးရောင်းပွဲတော်အကြောင်း

[email protected]

ဂိမ်းစက်တွေထဲမှာမှ လူငယ် အတော်များများ ကစားခဲ့ဖူးတာကတော့ Play Station ဂိမ်းစက်တွေ ပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့90’s born တော်တော်များများ PS2 နဲ့ မစိမ်းခဲ့ဖူးပါဘူး။ နောက်ဆုံးထွက်ရှိခဲ့တဲ့ PS4 ဂိမ်းစက်ကတော့ (၂၀၁၃) ခုနှစ်လောက်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်နဲ့ဆိုရင်တော့ (၇) နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလည်း မကြာခင်အချိန်တုန်းက ထွက်ရှိခဲ့တဲ့ PS5 ဂိမ်းစက်ကတော့ လူငယ်တွေကြားထဲမှာ တော်တော်လေး ခေတ်စားပြီး Gamer တိုင်း လိုချင်နေကြတဲ့ ဂိမ်းစက်တစ်ခုဆိုလည်း မမှားပါဘူး။

 

View this post on Instagram

 

A post shared by PS5 (@playstation5.news)

ဒါပေမယ့် လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေပြီး လူတိုင်းနီးပါး အခက်ပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကိုတော့ လူတိုင်းသိရှိကြမှာပါ။ PS5 ဂိမ်းစက်ဟာဆိုရင်လည်း အရင်ထွက်ခဲ့တဲ့ Play Station ဂိမ်းစက်တွေလို ကိုယ်လိုချင်သလောက် ဝယ်မရပဲ အကန့်အသတ်နဲ့ ထုတ်လုပ်တာ ဖြစ်တာကြောင့် တော်တော်လေးကို ဝယ်ယူဖို့ အခက်အခဲ ရှိပါတယ်။ အခုလည်း ဂျပန်နိုင်ငံက PS5 ဂိမ်းစက်တွေ ရောင်းတဲ့ ဈေးရောင်းပွဲတော်တစ်ခုမှာ မထင်မှတ်ပဲ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရန်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ  ဂျပန်နိုင်ငံ၊ Tokyo မြို့ရှိ Akihabara Shopping Centre မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

READ
မိထွေးရဲ့အသက်ကို ကယ်ဖို့အတွက် အမှိုက်ကောက်ပြီး ပိုက်ဆံရှာနေတဲ့ကလေးငယ်

 

ဗီဒီယိုထဲမှာ တွေ့ရှိရတဲ့အတိုင်း မြောက်မြားစွာသော လူအုပ်ကြီးဟာ အစပိုင်းမှာတော့ PS5 ဂိမ်းစက်ကို ဝယ်ယူဖို့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ကယ်စရောင်းတဲ့ အချိန်မှာတော့ လူအုပ်ကြီးဟာ ဂိမ်းစက်မဝယ်ရမှာ စိုးရိမ်တာကြောင့် သူ့ထက်အရင်ဦးအောင် ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးကာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by PS5 (@playstation5.news)

အပေါ်မှာတွေ့ရတဲ့ ဗီဒီယိုကိုတော့ Dace Gibson လို့ အမည်ရတဲ့ Twitter အသုံးပြုသူတစ်ယောက်က ပို့စ်တင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဂျပန်နိုင်ငံမှာ ဒီလိုမျိုး စည်းကမ်းမရှိတာကို ပထမဦးဆုံး မြင်ဖူးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ လူအုပ်ကြီးရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် Sony ကုမ္ပဏီက ဝန်ထမ်းတွေဟာ PS5 ဂိမ်းစက်တွေကို မရောင်းပဲ ပြန်သိမ်းသွားခဲ့ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အင်ဒိုနီးရှားမှာ Ariana Grande, Ed Sheeran နဲ့ Bruno Mars တို့ရဲ့ သီချင်းအချို့ကိုပိတ်ပင်ထား

Pyi Hein Kyaw

SHARE