Play Station ဂိမ်းစက်တွေထဲမှာမှ လူငယ်တော်တော်များများ ဆော့ကစားခဲ့ဖူးတာကတော့ PS2 ပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့90’s born တော်တော်များများ PS2 နဲ့ မစိမ်းခဲ့ဖူးပါဘူး။ နောက်ဆုံးထွက်ရှိခဲ့တဲ့ PS4 ဂိမ်းစက်ကတော့ (၂၀၁၃) ခုနှစ်လောက်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်နဲ့ဆိုရင်တော့ (၇) နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလို (၇) နှစ်ကျော်ကြာမြင့်လာပြီးနောက်ပိုင်းမှာတော့ မကြာခင်အတွင်း PS5 ဂိမ်းစက် ထွက်ရှိလာတော့မှာဖြစ်ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
The #PS5 will come with a discless version, no price yet pic.twitter.com/xidv2H14Vm
— Fandom (@getFANDOM) June 11, 2020
လွန်ခဲ့တဲ့ (၁)လကျော်လောက်ကပဲ Microsoft ရဲ့ အသစ်ထွက်ရှိလာတော့မယ့် Xbox Series X ကတော့ သူ့ရဲ့ feature တွေနဲ့ ဂိမ်း process တွေကို မိတ်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Sony ကလည်း PS5 နဲ့ပတ်သတ်တဲ့ process တွေကို ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ ပုံထဲမှာတွေ့ရတဲ့အတိုင်း PS5 ဂိမ်းစက်လေးကတော့ လှလှပပကြွကြွရွရွလေးဖြစ်ပြီး PS5 ဂိမ်းစက်ရဲ့ တန်ဖိုးကိုတော့ ယခုအချိန်အထိ တရားဝင် မကြေညာသေးပါဘူး။
THIS is the #PS5.
Console, controller, 3D audio headset, media remote and HD camera. pic.twitter.com/hgoK9mWWzr
— Jon (@MrDalekJD) June 11, 2020
PS5 ဂိမ်းစက်ဟာ သူ့အရင်ထွက်ရှိခဲ့တဲ့ PS4 ဂိမ်းစက်ရဲ့ လုပ်ဆောင်ချက်ထက် အဆပေါင်း ၁၀၀ နီးပါး ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ PS5 ဂိမ်းစက်မှာ SSD drive ပါဝင်လာမှာဖြစ်ပြီး အရင် PS series ဂိမ်းစက်တွေလိုမျိုး disc ပြားထည့်ပြီး အသုံးပြုစရာ မလိုတော့ဘူးလို့ သိရပါတယ်။ external harddisk နဲ့ ချိတ်ဆက် အသုံးပြုနိုင်အောင်လည်း ဖန်တီးပေး ထားပါတယ်။

မဟာပြိုင်ဘက် Xbox Series X ရဲ့ SSD ကတော့ 1TB အထိရှိပြီး PS5 ရဲ့ SSD က 825GB ပဲရှိတဲ့အတွက်ကြောင့် Xbox Series X က built-in memory ပမာဏမှာ ပိုများနေမှာပါ။ ဒါပေမယ့် PS5 ရဲ့ အဓိက ထူခြားချက်ကတော့ Transition screen လုံးဝ မရှိသလောက်နီးပါးကို ဖြစ်သွားတာပါပဲ။ Transition screen က ဘာကိုပြောတာလဲဆိုရင် ဂိမ်းတော်တော်များများမှာ အခန်းတစ်ခန်းကနေ နောက်ထပ်တစ်ခန်း တက်သွားလို့ရှိရင် အခန်းအသစ်မှာကစားဖို့ အနည်း စက္ကန့်အနည်းငယ်လောက် Loading ဆိုပြီး အဝိုင်းလည်နေတာတွေ ရှိပါတယ်။
မြန်နှုန်းကို ပြောရရင် PS-4 စက်တွေဟာ 1 GB ပမာဏရှိတဲ့ ဒေတာကို ဖတ်ဖို့ စက္ကန့်(၂၀) အချိန်ယူရပါတယ်။ PS-5 မှာတော့ 1 GB ပမာဏရှိတဲ့ ဒေတာကို ဖတ်ဖို့ တစ်စက္ကန့်ရဲ့ (၄)ပုံ(၁)ပုံပဲ အချိန်ယူရမှာပါ။ ဒါကြောင့် X box Series X နဲ့ နှိုင်းယှဉ်ရင် PS-5 ဟာ ပိုမိုမြန်ဆန်သလို open-world game တွေ ကစားတဲ့အခါ ပိုမိုထူးခြား ကောင်းမွန်ဖို့ ဖန်တီးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Pyi Hein Kyaw