မကောင်းဆိုးဝါးပြုစားတဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့ စိတ်ပညာရှင်

စိတ်ရောဂါအထူးကုပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာရစ်ချက်ဂါလာဂါဟာ ပယောဂပညာပိုင်းဆိုင်ရာကို(၂၅)နှစ်တာလေ့လာပြီးနောက်မှာ မကောင်းဆိုးဝါးပူးကပ်ခြင်းဆိုတာ အမှန်တကယ်ရှိကြောင်းနဲ့ မကောင်းဆိုးဝါးနတ်ဆိုးတွေရဲ့အသံကိုတောင်ကြားခဲ့ရဖူးကြောင်းဆိုခဲ့ပါတယ်။

ဒေါက်တာရစ်ချက်က ခြောက်ခြားဖွယ်စူးစူးဝါးဝါးအော်လိုက်တဲ့အသံတွေဟာ အမှန်တကယ်တော့ မကောင်းတဲ့နတ်ဆိုးတွေရဲ့အသံသာဖြစ်ကြောင်းဆိုပါတယ်။ “မကောင်းဆိုးဝါးတွေ  နတ်ဆိုးတမန်တွေဟာ တကယ်ရှိတယ်လို့ ကျွန်တော်တော့ယုံကြည်တယ်။ သူတို့တွေဟာ အရမ်းဥာဏ်ထက်မြက်တယ်။ လူတွေထက်တောင် ဥာဏ်ထက်မြက်ကြတယ်။ လူ့ဘုံမှာရှိနေကြတာလဲ နှစ်ထောင်ချီနေပြီ။ ဒါကြောင့် ဘာသာစကားအမျိုးမျိုးကို ပြောနိုင်တယ်။”

churchmilitant

ဒေါက်တာရစ်ချက်က နတ်ဆိုးတွေဟာစကားအမျိုးမျိုး၊ အသံအမျိုးမျိုးနဲ့ လူတွေကိုခြောက်လှန့်နေကြတယ်လို့လည်းဆိုပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံး လူနာပေါင်း(၂၅,၀၀၀) ကိုကုသပြီးခဲ့တဲ့ဒေါက်တာရစ်ချက်က လူနာတွေကိုနတ်ဆိုးတွေကထိန်းချုပ်ထားရုံသာမကပဲ အနှောင့်အယှက်ပေးကြောင်းလည်း ပြောပြခဲ့ပါတယ်။

အခုဆိုရင် နယူးယောက်ဆေးကောလိပ်နဲ့ ကိုလံဘီယာတက္ကသိုလ်စိတ်ခွဲခြမ်းစိတ်ဖြာရေး သုတေသနအတွက် အလုပ်လုပ်နေတဲ့ ဒေါက်တာရစ်ချက်ဟာ Demonic Foes: Experiences of a Psychiatrist in the World of Exorcism အမည်ရတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ သူက မကောင်းဆိုးဝါးနတ်ဆိုးတွေဟာ ရှေ့ဖြစ်ကိုလည်း မြင်နိုင်ကြောင်း ပြောပြပါတယ်။

READ
TV Show တွေမှာ သူမကို သိပ်မတွေ့ရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တဲ့ Shin Mina
telegraph.co.uk

ဒါ့အပြင် တစ်ခါတုန်းကလည်း မကောင်းဆိုးဝါးတစ်ကောင်ဟာ ဒေါက်တာရစ်ချက်အမေ ကင်ဆာရောဂါနဲ့သေဆုံးခဲ့ပုံကို ပြန်ပြောပြခဲ့တယ်လို့သိရပါတယ်။ ဒေါက်တာရစ်ချက်က “အဲဒီမကောင်းဆိုးဝါးက ကျွန်တော့်အမေရဲ့ သေပုံသေနည်းတင်မဟုတ်ဘူး။ တခြားလူ(၁၅)ယောက်လောက်ရဲ့ မိဘတွေ ဘယ်လိုသေသွားတယ် ဆိုတာပါ ပြောပြနိုင်တယ်။” လို့ ဆိုပါတယ်။ ဒါ့အပြင် မကောင်းဆိုးဝါးနတ်ဆိုးတွေက သူတို့ဟာ ပယောဂဆရာတွေကို ဘယ်လောက်မုန်းတီးကြောင်းလည်းသူ့ကို ပြောပြကြတယ်လို့ ရစ်ခ်ျက ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: TheSun

SHARE