PUBG Mobile ဂိမ်းဟာ လက်ရှိ Mobile Game တွေထဲမှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခုဖြစ်သလို ကမ္ဘာအနှံ့မှာ ဒီဂိမ်းကို ဆော့သူပေါင်း သန်း ၅၀ ကျော်တောင် ရှိပါတယ်။ Battle Royale ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ PUBG Mobile ဂိမ်းကို ဆော့ကစားသူ အင်မတန်များသလောက် Cheat လုပ်ပြီး ဆော့တဲ့လူတွေကလည်း အ်မတန်မှကို များလါန်းလှပါတယ်။ ဒါ့ကြောင့်လည်း PUBG Mobile Server ကနေပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဒီဂိမ်းဆော့သူတွေထဲက Cheaters ပေါင်း ၂ သန်းကျော်ကို ထာဝရဂိမ်းအကောင့်ကို ပိတ်ပစ်လိုက်ပြီး Banned ခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

PUBG Mobile ဂိမ်းကို ဆော့သူတဲ့ လူတော်တော်များများဟာ Cheater တွေနဲ့ တွေ့ဖူးကြမှာပါ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စပြီးပေါ်ထွက်ခဲ့တဲ့ ဒီ PUBG Mobile ဂိမ်းဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ Cheater တွေ တော်တော်ပေါများလာပါတယ်။ PUBG Mobile ဂိမ်းကို hack ပြီး ဆော့တဲ့ နည်းလမ်းတွေကတော့ အစုံပါပဲ။ Hacker အများစုကတော့ X-ray vision ဖော်ပြီး ဆော့ကြတာပါ။ X-ray vision ဆိုတာကတော့ ဆော့တဲ့ Hacker တစ်ဦးတည်းသာ မြင်ရပြီး Player တွေ ဘယ်နေရာမှာ ပုန်းနေလဲ၊ ဘယ်အိမ်ထဲမှာ ပစ္စည်းကောက်နေလဲ၊ ဘယ်လောကအကွာအဝေးမှာ ရှိနေတတ်လဲ အစရှိတာတွေကို X-ray ရောင်ခြည်နဲ့ ပြပြီး Hacker တစ်ဦးတည်းသာ မြင်ရတဲ့ ပုံစံနဲ့ Hack ပြီး ဆော့တာပါ။
From August 20th to August 27th, 2,273,152 accounts and 1,424,854 devices have been permanently suspended from accessing our game, out of which these are the reasons:
⬜ 12%: Speed Cheats
⬜ 22%: Other
⬜ 27%: Auto-Aim Cheats
⬜ 32%: X-Ray Vision pic.twitter.com/0U7JFeSxtF— PUBG MOBILE (@PUBGMOBILE) August 29, 2020
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကနေပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့အထိ PUBG Mobile Server ကနေပြီးတော့ Cheaters ပေါင်း ၂,၂၇၃,၁၅၂ ဦးရဲ့ PUBG Mobile အကောင့်တွေကို permanent ပိတ်ပစ်လိုက်ပါတယ်။ အဲဒီ Cheater ၂.၂ သန်းကျော်ထဲမှာ Speed ကို hack ပြီး ကစားတဲ့လူက ၁၂% ၊ Auto-Aim System ကို hack ပြီး ကစားတဲ့လူက ၂၇% ၊ X-Ray Vision ကို ဖော်ပြီး ကစားတဲ့ cheater က ၃၂% နဲ့ အခြား hack နည်းတွေနဲ့ hack ပြီး ဆော့ကစားတဲ့လူက ၂၂% ပါဝင်ကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျိန်းသေတာကတော့ အခုလို Cheater တွေရဲ့ အကောင့်ပေါင်း ၂.၂ သန်းကျော်ကို Banned ခဲ့တာကြောင့် အခြားကစားသူတွေ အချိန်အတိုင်းအတာတစ်ခုအထိတော့ Cheater zone ကနေ ကင်းဝေးပြီး စိတ်ချမ်းချမ်းသာသာနဲ့ ဆော့ကစားနိုင်မှာတော့ အမှန်ပါပဲ။
Pyi Hein Kyaw