အသက်(၂၉)နှစ်ရောက်မှ အထက်တန်းအောင်လို့ ပျော်ရွှင်နေတဲ့ Migos အဖွဲ့ဝင် Quavo

[email protected]

ဒီဘက်ခေတ်မှာ ကြီးပြင်းလာတဲ့ လူငယ်အများစုကတော့ Migos အဖွဲ့ကို သိကြမှာပါ။ Migos အဖွဲ့မှာဆိုရင်တော့ Cardi B ရဲ့ ယောက်ျား Offset, Quavo နဲ့ Takeoff တို့ သုံးယောက်ပါဝင်ကြပါတယ်။ သူတို့သီချင်းတော်တော်များများကတော့ Newskool ပုံစံလေးတွေဖြစ်တာကြောင့် အခုနောက်ပိုင်း လူငယ်တော်တော်များများ ကြိုက်ကြတဲ့ ရက်ပ်ပါအဖွဲ့တစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုလည်း Migos အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Quavo ဟာ မကြာသေးခင်အချိန်က အထက်တန်းအောင်သွားပြီဖြစ်လို့ အရမ်းပျော်ရွှင်နေကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CAHFWdwHU91/

Quavo ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက Georgia ပြည်နယ်မှာ အထက်တန်းကျောင်း တက်ခဲ့ပါသေးတယ်။ ဒါပေမယ့် စာမေးပွဲကျတာတွေနဲ့ ကျောင်းပျက်တာတွေကြောင့် နောက်ဆုံးမှာ ကျောင်းက ထွက်လာခဲ့ပြီး ဟစ်ဟော့လောကထဲ ဝင်ခဲ့ပါတယ်။ သူတို့ Migos အဖွဲ့ဟာ ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ သီချင်းတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက Quavo ဟာ အထက်တန်းကျောင်းအောင်ဖို့ ပညာရေးဘက်ကို ပြန်လှည့်ခဲ့ပြီး အခုဆိုရင်တော့ အသက် ၂၉ နှစ်အရွယ်မှာ အထက်တန်းကျောင်း အောင်ခဲ့ပါတယ်။

READ
အမိုက်စား ဘော်ဒီကောက်ကြောင်းအလှတွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ဘေဘီမောင်

https://www.instagram.com/p/CAd-JZXHQbn/

ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၂၁.၅.၂၀၂၀)တုန်းက Quavo ဟာ သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ သူ့အထက်တန်းကျောင်းကနေ အောင်လက်မှတ်ရသွားပြီ ဖြစ်တဲ့အကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။ အခုလို အထက်တန်း အောင်သွားပြီးနောက်ပိုင်းမှာ သူ့အနေနဲ့ ဘယ်ကောလိပ်တက်ရမလဲဆိုတာ စဉ်းစားလို့မရသေးကြောင်း၊ လက်ရှိမှာတော့ အထက်တန်းကျောင်းအောင်တာနဲ့တင် သူ့မှာ အရမ်းပျော်နေကြောင်း ပြောကြားခဲ့ပါတယ်။

“အခုဆိုရင်တော့ ကျွန်တော် တော်တော်ပျော်နေပါတယ်။ ဘာဆက်လုပ်ရမှန်း မသိလောက်အောင်ကို ပျော်နေပါတယ်။ ကျွန်တော် အပိုတွေလုပ်နေတယ်လို့ လူတွေ ထင်နေကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အထက်တန်းကျောင်းကို အောင်ခဲ့တာနဲ့တင် တော်တော်ပျော်ပါတယ်။ လက်ရှိမှာတော့ ဘယ်ကောလိပ်ဆက်တက်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး” လို့ Quavo က People.com ကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE