Snowman အရုပ်က မုန်လာဥလေးကို အတင်းလုစားနေတဲ့ ချစ်စဖွယ်ယုန်လေးရဲ့ အဖြစ်

Youtube-Bunny eats snowman’s carrot nose

လက်ရှိ ၂၀၂၀ ဒီဇင်ဘာလဟာ အနောက်နိုင်ငံသားတွေရဲ့ နှစ်သစ်ကူးအချိန်အခါပါပဲ။ ဒီလိုမျိုးအချိန်မှာ အနောက်နိုင်ငံသားတော်တော်များများဟာ သူတို့ရဲ့ ရိုးရာပွဲတော်တွေဖြစ်တဲ့ ခရစ်စမတ်ပွဲတို့၊ နှစ်သစ်ကူးပွဲတော်တို့ကို အမြဲလိုလို ကျင်းပတတ်ပါတယ်။ ဒီပွဲတော်တွေမှာ ဒီဇင်ဘာလရဲ့ Theme အရုပ်တစ်ခုဖြစ်တဲ့ Snowman ရေခဲရုပ်တုတွေကလည်း မပါမဖြစ်တဲ့ အရာတစ်ခုပါ။ အခုလည်း လမ်းဘေးတစ်နေရာမှာရှိတဲ့ Snowman ရုပ်တုရဲ့ မျက်နှာမှာ နှာခေါင်းအဖြစ် အလှဆင်ထားတဲ့ မုန်လာဥနီကို ယုန်ကလေးတစ်ကောင်က အငမ်းမရစားသောက်နေတဲ့ ဗီဒီယိုတစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးကို ပျံ့နှံ့နေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Bunny eats snowman’s carrot nose

အဆိုပါ ဖြစ်ရပ်ဟာ ကနေဒါနိုင်ငံ၊ Calgary မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Snowman ရေခဲအရုပ်တွေကို လူအများစုဟာ နှင်းတွေကျတဲ့နေ့မျိုးမှာ အများဆုံး ပြုလုပ်ကြတာ ဖြစ်ပါတယ်။ လမ်းဘေးမှာရှိတဲ့ ဆီးနှင်းတွေနဲ့ Snowman ရဲ့ ခန္ဓာကိုယ်နဲ့ ခေါင်းကို စတင်တည်ဆောက်ကြပါတယ်။ အဲဒီနောက်မှာတော့ မျက်လုံးအဖြစ် ကြယ်သီးနှစ်လုံး၊ လက်ချောင်းအဖြစ် သစ်ကိုင်းခြောက်၊ နှာခေါင်းအဖြစ် မုန်လာဥနီနဲ့ အလှဆင်ကြပါတယ်။ အခုလည်း အဲဒီလိုမျိုး အလှဆင်ထားတဲ့ Snowman ရဲ့ မုန်လာဥနီကို ယုန်ကလေးတစ်ကောင်က အငမ်းမရစားသောက်နေခဲ့တာ ဖြစ်ပါတယ်။

READ
အခက်အခဲတွေ ရှိနေတာတောင် အကွက်ဆန်းသုံးပြီး ကောင်မလေးနဲ့ ဒိတ်ခဲ့တဲ့ အမျိုးသား

အပေါ်က ဗီဒီိယိုထဲမှာ မြင်တွေ့ရတဲ့ Snowman ကိုတော့ Calgary မြို့မှ Bryant လို့ အမည်ရတဲ့ မိသားစုတစ်စုက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အိမ်ရှေ့ကို ဘယ်ကမှန်းမသိတဲ့ ယုန်လေးတစ်ကောင်ရောက်လာပြီး Snowman နှာခေါင်းအဖြစ် တပ်ဆင်ထားတဲ့ မုန်လာဥနီကို အားရပါးရစားသောက်ခဲ့ပြီး ထွက်သွားခဲ့တာပါ။ အဆိုပါဗီဒီယိုဟာ အခုဆိုရင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး ကြည့်ရှု့သူ 110k အထိ ရှိနေပြီပဲ ဖြစ်ပါတယ်။

Youtube-Bunny eats snowman’s carrot nose

Pyi Hein Kyaw

SHARE