ယုန်တွင်းမှတဆင့် အလယ်ခေတ် စစ်သူရဲကောင်းများရဲ့ဘာသာရေးဆိုင်ရာ ဂူကိုတွေ့ရှိခဲ့

အင်္ဂလန်နိုင်ငံ ရှရို ရှီးပြည် မြို့နယ်တွင် လယ်သမားတစ်ယောက်ဟာ သူရဲ့ လယ်ကွင်းထဲက ယုန်တွင်း နဲ့ဆက်သွယ်နေတဲ့ အလယ်ခေတ် ၁၇ ရာစုခန့်က ဘာသာရေးသက်ဝင်ယုံကြည်သူတွေ စုရုံးတွေ့ရှိခဲ့တဲ့ မြေအောက် ဂူတစ်ဂူကို တွေ့ရှိခဲ့ပါတယ်။ဒီဂူဟာ မြေအောက် ၁ မီတာ အနက်မှာ ရှိနေတာ ဖြစ်ပြီး ယခုအချိန် အရာမယွင်း မပျက်ဆီးပဲရှိနေခဲ့တာ ဖြစ်ပါတယ်။ဂူကို ဘာရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့မှန်း အတိအကျမသိသေးပေမဲ့ နောက်ပိုင်းမှာ  ဒီဂူကို  စုန်း ကဝေအတတ် ပညာဆိုင်ရာ အခမ်းအနားကျင်းပတဲ့ နေရာတွေ အဖြစ်အသုံးပြုသွားဖို့ရှိနေတယ်လို့ တွေ့ရှိခဲ့သူက ဆိုပါတယ်။

ဒီဂူကို ဓာတ်ပုံရိုက်ကူးဖို့ သွားရောက်ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကတော့ ” ကျွန်တော် ပထမ လယ်ကွင်းထဲလျှောက်သွားလိုက်သေးတယ်။ဂူရှိတဲ့ နေရာအပေါ်ကို ကျွန်တော် နင်းလျှောက်ခဲ့ပေမဲ့ ကျွန်တော်သတိမထားမိခဲ့ဘူး။ဒီလောက်နှစ်တွေအကြာကြီး မြေအောက်မှာ ဘာမှမပျက်စီးဘဲ ဒီအတိုင်းရှိနေတာ အံ့ဩ ဖို့ကောင်းတယ် ” လို့ပြောခဲ့ပါတယ်။ဂူ ဟာ တော်တော်ကျဉ်းပြီးအမြင့်မှာ ၅ ပေခန့်သာရှိပါတယ်။

READ
မောင်လေးတွေနဲ့တွဲရင် တွေ့ကြုံရမဲ့အချစ်ရေးပြဿနာများ

ဒီဂူကို တည်ဆောက်အသုံးပြုခဲ့သူများဟာ ဂျေရုစလင်မြို့ကို ဘုရားဖူးသွားရောက်ကြတဲ့ ဘုရားဖူးများကို ကာကွယ်စောင့်ရှောက်ရန်  ၁၁ ရာစုမှာ ကတ်သလစ် အာဏာပိုင်အဖွဲ့မှ စတင်တည်ထောင်ခဲ့တဲ့ စစ်သူရဲကောင်းများ ဖြစ်ကြပါတယ်။ဒီစစ်သူရဲကောင်းများဟာ ဘာသာရေး စစ်သားများဖြစ်ပြီး သူတို့ကိုကတ်သလစ်ဘရားကျောင်းမှ ထောက်ပံ့ခဲ့ပါတယ်။ဒီစစ်သူရဲကောင်းများဟာ ၁၀၉၅ ခုနှစ်မှာ ပုပ်  Urban II အမိန့်အရ ဂျေရူစလင်မြို့ကို ပြန်သိမ်းဖို့ရန် ခရူးဆိတ် စစ်ပွဲ ဆင်နွှဲခဲ့ကြတဲ့ စစ်သားများ ဖြစ်ကြပါတယ်။

Arkar Hein (Shwemom)

Ref : BBC

SHARE