>ချစ်စရာ ကောင်းတဲ့ တိရစ္ဆာန် လေးတွေရဲ့ ပန်းချီ ကား တွေ ကို တော့ စီးပွားဖြစ် ရောင်းချ တာ မျိုးတွေ ရှိပါတယ်။ သူတို့ လေးတွေ က တော့ ဒါတွေကို တမင် ရေး ဆွဲ ဖန်တီးတာ မျိုးတော့ မဟုတ်ပါဘူး။ဆင်ဆိုရင်လည်း နှာ မောင်းနဲ့ စုတ်တံ ကို ကိုင်ပြီး ဟိုခြစ် ဒီ ခြစ် လုပ် တာဖြစ်သလို တစ်ချို့အ ကောင်တွေ က ဆေးတွေကို သူတို့ လက် မှာ သုတ် စေ ပြီး ပန်းချီစက္ကူ ပေါ်မှာ ဟိုနင်း ဒီနင်း လုပ်ရင်းနဲ့ပဲ ဒါကို ပန်းချီ ကားချပ် လို့ သတ်မှတ် ကြတာပါ။ပန်းချီ စွမ်းရည် ကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ အ ကောင်လေး တစ်ကောင်ရှိပါတယ်။သူက တော့ ရက်ကွန်းဝံ လေးပါ။ဒီ အ ကြောင်းကိုတော့ hindustantimes နဲ့ boredpanda တို့ မှာ ဖော်ပြထားတာပါ။


Raccoon (ရက်ကွန်းဝံ )ဆိုတာက တော့ ၀က်ဝံ မျိုးနွယ် ဖြစ်တဲ့ မြောက် အ မေရိက က နို့ တိုက် သတ္တ၀ါ ငယ် အကောင်ပါ။ချစ်ဖို့ အရမ်းကို ကောင်းတဲ့ အဖြူနဲ့ အနက် အမှတ်အသား ပါ မျက်နှာ၊အမြီး ဖွား တွေရှိတဲ့ အကောင် မျိုးပါ။ပန်းချီ ဆွဲ တော်တဲ့ ရက်ကွန်းဝံ လေးတွေရဲ့ နာမည် ကတော့ Piper ၊ Cheeto နဲ့ Tito ပါ။


သူတို့ သုံး ကောင် ကို တော့ အ ပေါ်မှာ ပြော ခဲ့သလိုပဲ လက်မှာ ဆေးသုတ်ပြီး ပန်း ချီ ဆွဲ သလို ဟို နင်းဒီ နင်း လုပ်ထားတဲ့ ပုံတွေပါ။ ဒါပေမယ့် အ ပျော် တမ်း အနုပညာလက်ရာ လေး တွေပဲ လို့ ထင်ရင် တော့မှားသွားပါလိမ့်မယ်။ဈေး နှုန်း ရှိပါတယ်။


ဈေးနှုန်းအ နေနဲ့ ဆိုရင်တော့ အ မေရိကန် ဒေါ်လာ ($75) က နေ ($150) ကြားမှာ ရှိပါတယ်။ ကိုယ်စိတ် ကြိုက် အ ရောင်နဲ့ ပုံကို ရွေးချယ် လို့ ရပါတယ်။ ပုံ တွေ ကို တော့ titotheraccoon ဆိုတဲ့ Instagram အ ကောင့်မှာ တင်ထားတာပါ။အဲ့ဒီအ ကောင့်မှာတော့ Follower 140k ရှိပါတယ်။