လူ့ဦးရေ ၂% မှာပဲရှိတတ်တဲ့ INFJ စိတ်နေစိတ်ထားအမျိုးအစားရဲ့ လက္ခဏာများ

Freepik- nakaridore

Introversion, Intuitive, Feeling, နဲ့ Judgement ဆိုပြီး အဓိပ္ပာယ်ရတဲ့ INFJ စိတ်နေစိတ်ထားဟာ ကမ္ဘာ့လူဦးရေရဲ့ ၂% မှာပဲ ရှိတတ်တဲ့ စိတ်နေစိတ်ထားတစ်ခုပါ။ များသောအားဖြင့် လူတွေဟာ introvert လား၊ extrovert လား အဲဒီ personility ၂ ခုပဲရှိတတ်ကြတာပါ။ INFJ ကတော့ ရှားရှားပါးပါးလက္ခဏာတစ်ခုပေါ့။ ဒီတော့ သင်ဟာ INFJ စိတ်နေစိတ်ထားမျိုး ရှိနေပြီလား၊ INFJ ဆိုတာ ဘာလဲဆိုတာ အောက်က အချက် (၆) ချက်တည်းနဲ့ တိုက်ကြည့်လိုက်ပါနော်။

(၁) သင်နဲ့ဘယ်သူမှ မကိုက်ညီဘူးထင်မိတယ်

ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ နေနေပြီးတော့ ဘယ်သူနဲ့မှ ကိုယ်နဲ့ ကီးမကိုက်ဘူး၊ ငြှိနှိုင်းလို့မရနေဘူး၊ အတွေးအမြင်တွေ မတူဘူးဆိုပြီး တွေးထင်နေမိမယ်ဆိုရင် သင်ဟာ ပထမဆုံးအချက်နဲ့ ကိုက်ညီနေပါပြီ။ ဒါပေမဲ့ ကျန်တဲ့အချက်လေးတွေကို ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၂) ဝါသနာတွေကိုစွဲလန်းတတ်တယ်

READ
စက္ကန့်သုံးဆယ်အတွင်း သင့်ကို ချက်ချင်းအိပ်ပျော်သွားစေမယ့် နည်းလမ်း

ဝါသနာတစ်ခုခုကို အာတွေ့သွားပြီဆိုရင် အဲဒီအရာကို ရေဆုံးမြေဆုံးလိုက်ပြီး လေ့လာတတ်တဲ့အကျင့်ရှိတယ်။ နောက်ပြီး အရာရာတိုင်းကိုလည်း ပြီးပြည့်စုံချင်တဲ့ perfectionist တစ်ယောက်ပေါ့။

 

Freepik- pressfoto

(၃) တော်ရုံလူတွေနဲ့သိပ်မပေါင်းဘူး

Introvert တွေလိုပါပဲ။ INFJ သမားတွေဟာ တော်ရုံတန်ရုံလူနဲ့ သိပ်ပြီး အပေါင်းသင်းမလုပ်တတ်သလိုပဲ ခင်လည်း မခင်တတ်ပါဘူး။ အကြောင်းကတော့ သူတို့နဲ့ အဆင်မပြေနိုင်ဘူးလို့ ထင်မိလို့ရတယ်၊ သူတို့ရဲ့အားနည်းချက်တွေကို သိမှာစိုးလို့ရယ်ကြောင့်ပဲဖြစ်ပါတယ်။

(၄) လူကဲခတ်တတ်တယ်

INFJ သမားတွေဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိတယ်၊ ဘယ်လိုပုံစံလဲဆိုတာကို စစတွေ့ချင်းမှာတင်ကို မျက်နှာကြည့်ပြီး သိနိုင်ပါတယ်။

Freepik- yplestocker

(၅) ကိုယ်ချင်းစာစိတ်

သင်တို့ဟာ တစ်ဖက်သားအပေါ် လုံးဝကို ကိုယ်ချင်းစာစိတ်ရှိတတ်ကြပါတယ်။ ဒီစိတ်ထားလေးကြောင့်လည်း သင်တို့ကို စိတ်ပျော့ညံ့တယ်လို့ လူတွေက ထင်မိတတ်ကြသလို ချစ်လည်း ချစ်တတ်ကြပါတယ်တဲ့။ 

(၆) အနာဂတ်အတွက် အပြည့်အဝပုံဖော်နိုင်တယ်

READ
အိပ်ချိန်နည်းလေလေ ဆွဲဆောင်မှုကျဆင်းလေလေဖြစ်ကြောင်း သိရ

Career focus သိပ်ရှိတဲ့လူတွေပါပဲ။ ဘဝကြီးကို အလေလိုက်ပြီး မကုန်ဆုံးတတ်ဘဲ ကိုယ့်အနာဂတ်အတွက် အကျိုးရှိမယ့်အရာတွေနဲ့ လမ်းကြောင်းကိုပဲ တစိုက်မတ်မတ်နဲ့ အာရုံစူးစိုက်လေ့ရှိပါတယ်။

Freepik- mego-studio

penny

SHARE