သူ့ဘက်က ဘာတစ်ခုမှမပြောပဲ သင့်ဘဝထဲကနေ ဘာကြောင့် ထွက်ခွာသွားတာလဲ …

shutterstock/shyshak roman

တစ်ချို့ယောကျာ်းလေးတွေရဲ့ စိတ်က အတော်လေးနားလည်ရ ခက်ပါတယ်။ ယောကျာ်းလေးတွေက သူတို့ရဲ့ စိတ်ထဲမှာ ဘာခံစားနေရတယ်ဆိုတာကို တော်ရုံဖွင့်ပြောလေ့ မရှိတတ်ကြပါဘူး။ ဒီလိုပဲ ကိုယ့်ကိုယ်စိတ်ဝင်စားနေတယ်လို့ ထင်မိတဲ့ ယောကျာ်းလေးတစ်ချို့က အကြောင်းပြချက်မရှိပဲ ကိုယ့်ဘဝထဲက ထွက်ခွါသွားတတ်တာကိုလည်း ကြုံဖူးကြမှာပါ။ တကယ်တော့ သူ့ဘက်က  ဘာတစ်ခုမှမပြောပဲ သင့်ဘဝထဲကနေ ပျောက်ကွယ်သွားတတ်ခြင်း နောက်ကွယ်မှာ ဒီလိုအကြောင်းအရင်းတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်နော်။

အသစ်တစ်ယောက် တွေ့သွားလို့

shutterstock/Farknot Architect

သူ သင့်ဆီကနေ ဘာအကြောင်းအရင်းမှမရှိပဲ ထွက်သွားခဲ့တယ်ဆိုတာက သင့်ထက်ပိုချစ်ရမယ့် ဒါမှမဟုတ် သင့်ထက်ပို စိတ်ဝင်စားမိတဲ့ သူတစ်ယောက်တွေ့သွားလို့ အတွက်ပဲ ဖြစ်ပါတယ်။ အသစ်တစ်ယောက်တွေ့သွားတဲ့အတွက် သင့်ဘဝထဲကနေ ဘာစကားမှမပြောပဲ ထွက်သွားခဲ့တာ ဖြစ်ပါတယ်နော။

သူဟာ သင့်နဲ့မထိုက်တန်ဘူးထင်လို့

shutterstock/ shyshak roman

တစ်ချို့ယောကျာ်းလေးတွေက ကိုယ်ချစ်တဲ့ကောင်မလေးကို အမြဲတမ်း ပျော်ရွှင်နေတာမျိုး၊ အမြဲတမ်း စိတ်ချမ်းသာနေတာမျိုးပဲ မြင်ချင်တတ်ကြတာပါ။ ဒီတော့ သူ့ဘက်ကနေ အများကြီး မဖြည့်ဆည်းပေးနိုင်တဲ့အခါ၊ သူ့ဘဝက တစ်ခြားသူတွေထက် နိမ့်ကျတယ်လို့ထင်မိတဲ့အခါ ဘာစကားမှာမပြောပဲ သူ့ရဲ့ခံစားချက်တွေကို စတေးပြီး သင့်ဘဝထဲကနေ ထွက်သွားပေးတတ်ကြပါတယ်။

READ
တစ်စုံတစ်ယောက်ကို ဆုံးရှုံးရပြီးနောက် သင် ရရှိလိုက်မယ့် သင်ခန်းစာ (၅)ခု

သင့်ကို စိတ်ဝင်စားလားဆိုတာ မသေချာလို့

တစ်ခါတစ်လေမှာ ယောကျာ်းလေးတွေရဲ့စိတ်မှာ ဒွိဟအခြေအနေမျိုးတွေကို တွေ့ကြုံရတတ်ပါတယ်။ ငါ သူ့ကို တကယ်ရောချစ်ရဲ့လား၊ ငါသူ့ကို တကယ်ရော လက်တွဲချင်လို့လား စသဖြင့် မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ကြပြီး ဒီလို မသေချာမရေရာတဲ့ အခြေအနေမျိုးက သူတို့ရဲ့ စိတ်ကိုသူတို့ သေချာမသိတဲ့အတွက် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

သင့်ဘက်ကနေ တစ်ခုခုမှားနေလို့

shutterstock/ Dean Drobot

သူတို့စိတ်ဝင်စားနေမိတဲ့ ကောင်မလေးဘက်ကနေ သူတို့ကို စိတ်ဝင်စားသလို၊ စိတ်မဝင်စားသလို လုပ်နေမိတာမျိုး၊ ဒါမှမဟုတ် သူတို့ကို လိမ်ညာနေတာမျိုး၊ ကြိုးရှည်ရှည်နဲ့ အချိန်ဆွဲထားတာမျိုး စသဖြင့် ဒီလိုအခြေအနေမျိုးမှာ သူတို့ကို တကယ်မချစ်ပဲ အသုံးချနေတယ်လို့ ထင်မိသွားစေတဲ့အတွက် အဲဒီ့ကောင်မလေးဆီကနေ ထွက်ခွါသွားတတ်ကြတာ ဖြစ်ပါတယ်နော်။

သင်က သူ့ထက် သာလွန်နေလို့

shutterstock/ Valery Sidelnykov

ယောကျာ်းလေးအများစုက သူတို့အပေါ် မိန်းကလေးတွေကနေ ယုံကြည်အားကိုးတာတာလေးကိုပဲ လိုချင်တတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ သင်ဟာ သူတို့ထက်အစစအရာရာ သာလွန်နေတာမျိုး၊ သူတို့ကိုယ်သူတို့ သိမ်ငယ်ခံစားနေရတာမျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူတို့နေရတာ အဆင်မပြေတော့ပဲ သင့်ရဲ့ဘဝထဲက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်နော်။

READ
သင့်ဘ၀မှာ အခက်ခဲဆုံးအချိန်တွေက ဘာတွေဖြစ်မလဲ

Khin

SHARE