Thursday, April 25, 2024
HomeLifestyleရယ်မောခြင်းက ပေးနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုး(၅)မျိုး

ရယ်မောခြင်းက ပေးနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုး(၅)မျိုး

ရယ်သော သူ အသက်ရှည် သည် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ဒီစကားက တကယ့် ကျန်းမာရေး ရှုထောင့်က ကြည့်ရင် လည်း တကယ် မှန် ကန်တဲ့ စကားပါ။ရယ်လိုက်တဲ့ အခါ မျိုးမှာ ဆိုရင် မျက်နှာ မှာ ရှိတဲ့ ကြွက်သားတွေ  အများကြီး လှုပ်ရှား ရပါတယ်။မျက်နှာ မှာဆိုရင် ကြွက်သားပေါင်း (၄၃)ခုရှိပါတယ်။အဲ့ဒီအထဲကမှ cranial nerve (facial nerve)က အများစုကို ထိန်း ချုပ် ထားတာပါ။ပြုံး ဖို့ အတွက် ဆိုရင် ကြွက်သား (၁၇) ခုလောက် အလုပ်လုပ်ရပါတယ်။မျက်နှာ မှောင်ကုတ် မယ်ဆိုရင်လည်း ကြွက်သား ၄၃ ခု က အလုပ်လုပ်ရပါတယ်။ဒီနေရာမှာ ဗဟုသု တ အနေနဲ့ ဖြည့်စွက် ပြောရရင် မျက်လုံးကြွက်သား တွေတစ် နေ့ကို တစ်နေ့ကိုအခါ တစ်သိန်းလောက် လှုပ်ရှား အလုပ်လုပ်ရပါတယ်။ရယ်မောခြင်းဆိုတာက ပိုက်ဆံပေးဝယ်လို့ မရတဲ့ သဘာ၀ က ပေးတဲ့ ဆေးပါ။ရယ်မော ပျော်ရွှင်ခြင်းက နေ ပေးနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုး တွေ အကြောင်းကိုတော့ Brightside မှာ အခုလို ဖော်ပြထားပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေ

ဒီလို ကိုဗစ် ကာလ ဆိုရင် ပိုဆိုးပါတယ်။လူတိုင်းလိုလို စိတ်ထဲမှာ စိုးရိမ် ပူပန် စိတ်၊စိတ်ဖိစီးမှုတွေ ကို အနည်းနဲ့ အများ ဆိုသလို ခံစား နေ ကြရပါတယ်။တစ်ချို့ အရမ်း Stress ပိပြီး ည တွေ မှာပါ အိပ် မပျော်တာ မျိုးတွေ အထိ ပါ ဖြစ်လာတွေ လည်း ရှိပါတယ်။ရယ်မော ပေးမယ်ဆိုရင် တော့ စိတ်ဖိစီးမှု တွေကို လျော့ ကျ ပြေ ပျောက် စေပါတယ်။ရယ်ချ လိုက်ရင် နှလုံးခုန်နှုန်းက မြင့်ပြီး ပြီးမှ ပြန်ကျ သွားလေ့ရှိပါတယ်။ဒါကြောင့် ရယ်ပြီးသွားရင် Stress Level က ကျ သွားလို့ စိတ် က လန်း ဆန်းသွား တဲ့ ခံစားချက် မျိုး ရတာပါ။ရယ်လိုက်ရင် စိတ်ခံစားချက် အတွက်ကောင်းတဲ့ ဟော်မုန်း မျိုးတွေ ကို ထုတ် ပေးနိုင်ပါတယ်။

ကယ်လိုရီ တွေ ကို လောင်ကျွမ်းစေ

pixabay/RyanMcGuire

Body ၀ နေတဲ့ သူတွေ ဆိုရင် တော့ များများရယ်ပေးပါ။တစ်ကြိမ် ရယ်လိုက် တိုင်း မှာ အပေါ်မှာ ပြောခဲ့သလို ပဲ မျက်နှာ နဲ့ ကြွက်သား တွေ အများကြီး က လှုပ်ရှား ရ တာပါ။မရယ်ချင် ရယ်ချင် မဟုတ်ပဲ ဟက်ဟက်ပက်ပက် နဲ့ ၁၅ မိနစ် လောက် ရယ်မော မှ ကယ်လို ရီ တွေ ကို လောင်ကျွမ်း ပေးနိုင် တာပါ။ကိုယ် က ဝိတ် ကျ ချင်တယ်၊ကယ်လိုရီ တွေ Burn ချင် တယ်ဆိုရင် တော့ များများ ရယ် ပေးရင် ဝိတ်မြန်မြန် ကျ စေဖို့ အထောက်အကူ ဖြစ် စေပါတယ်။ ရယ်လိုက်ရင် တခြားသော ကိုယ်တွင်းအင်္ဂါ တွေ ပါ Active ဖြစ်သွား လေ့ရှိပါတယ်။ဗိုက်က ကြွက်သား တွေ က ပါ ဟက်ဟက်ပက်ပက် တွေရယ်ချ လိုက်ရင် သူတို့ ပါ လိုက် ပြီး လှုပ်ရှားရ ပါတယ်။ဒါ ကြောင့် ရယ်ရတာ ဗိုက် နာတယ်၊ဗိုက်အောင့်တယ် ဆိုပြီး ပြောကြတာပါ။

သွေးတိုးကျ စေ

စိတ်ညစ်စရာ တွေ တွေး ပါ များလို့ သွေးတွေ ဆောင့်တက် လာ တာ မျိုးတွေ ကို မြင်ဖူး၊ကြုံ ဖူးကြမှာပါ။ရယ်မော ခြင်းက တော့ သွေးတိုး ရှိသူတွေ ဆိုရင် သွေးတိုး ကျ စေနိုင်တဲ့ အစွမ်း ရှိပါတယ်။သွေးတိုးနဲ့ နှလုံး  ရောဂါ ဆိုတာ က တော့ လုံး ၀ တိုက်ရိုက် ပတ်သက် နေတာ မို့ ရယ်မော ပေးရင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ တွေ အတွက် ပါ ကောင်းပါတယ်။ရုတ်တရက် နှလုံး အမော ဖောက် တာမျိုးတွေ အတွက် လည်း ကောင်းပါတယ်။များများရယ် ပေးလေ သွေးတိုးကျ လေပါ။

အသက်ရှုရ လွယ်ကူ လာမယ်

pixabay,pezibear

အောက်စီဂျင်က လူ့ခန္ဓာကိုယ် အတွက် အရမ်း အရေးပါပါတယ်။အသက်ကို ပြင်းပြင်း ရှုသွင်းခြင်းက အောက်စီဂျင် ပမာဏကို များများ ရ စေပြီး ကျန်းမာရေး အတွက် ကောင်းသလိုပဲ ရယ်မော ခြင်း ကလည်း အဲ့လို အကျိုးသက် ရောက်မှု မျိုး ရစေပါတယ်။ရယ်လိုက်ရင် အဆုတ် တွေ ပါ လုံး၀ ပွင့် သွားတာ မျိုး၊လိုအပ် တဲ့ အောက်စီဂျင် တွေ ကိုပါ များများ ပိုရတာ မျိုး. အစရှိတဲ့ အကျိုးတွေ ကို ရပါတယ်။

နာကျင်မှုကို ပိုခံနိုင်ရည်ရှိ

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ နာကျင်မှု အပေါ် ခံနိုင်ရည် ရှိတာခြင်းက မတူပါဘူး။နာကျင်မှု အတိုင်းအတာ က အတူတူပဲ ဆိုပေမယ့် ဒီ နာကျင် မှု အပေါ် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခံနိုင်ရည် ရှိတာ ခြင်းက မတူပါဘူး။တစ်ချို့က နာကျင်မှု ဒဏ်ကို အရမ်းခံနိုင်ရည် ရှိသလောက် တစ်ချို့က နည်းနည်း လေးတောင် ခံနိုင်ရည် မရှိတာ မျိုးတွေ ရှိပါတယ်။နာကျင်မှု ဒဏ်တွေကို ရယ်မော ခြင်းက ပြေ ပျောက် ပေးနိုင်ပါတယ်။ ရယ်မော ခြင်းဆိုတာက သဘာ၀ က ပေးတဲ့ အကိုက်အခဲ ပျောက် ဆေး တစ်မျိုးလို့ တောင် ပြောလို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ဒဏ်ကို တင် မဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ဒဏ်တွေကိုပါ ရယ် မော ခြင်းက သက်သာ ပျောက်ကင်း အောင် လုပ်ပေးနိုင်ပါတယ်။

#SHWEMOM

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading