ဆိတ်စဉ်းကောအာလူးကတ်သလစ်ကြော်ချက်နည်း

Myanmar Online Media ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါမှာတော့ အိမ်မှာချက်ပြုတ်ပြီးစားနိုင်အောင်
ဆိတ်စဉ်းကောအာလူးကသလစ်ကြော်ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ

ဆိတ်သား. (၁၅)ကျပ်သား

အာလူး (၅၀)ကျပ်သား

အကြော်မှုန့် ၁ထုပ်ခွဲ

ဇီယာမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း

နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း

ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း မ

ဆလာ စားပွဲတင်ဇွန်း၁ဇွန်း

ပူဒီနာရွက် (၁)စည်း

ပျဉ်းတော်သိမ်ရွက် အနည်းငယ်

ငရုတ်သီးစိမ်း (၁၀)တောင့်

ကြက်သွန်နီ ၄လုံး

ကြက်သွန်ဖြူ ၅မွှာ ချင်း လက်တစ်ဆစ်

အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း(၃)ဇွန်း

ဟင်းချက်နည်း

~ပထမဦးစွာဆိတ်သားကိုအတုံးသေးလေးများတုံး၍ရှောက်ရည်(သို့)ရှာလကာရည်ဖြင့်နယ်ပြီးရေစင်
အောင်ဆေးပါ။ထို့နောက်ဆိတ်သားကိုနုပ်နုပ်စဉ်းပါ(သို့)ကြိတ်ထားပါ ~ထိုဆိတ်သားများကိုဇီယာမှုန့်
နံနံစေ့မှုန့် ငရုတ်ကောင်းမှုန့် ပူဒီနာရွက်(နုပ်နုပ်စဉ်း) ငရုတ်သီးစိမ်း(နုပ်နုပ်စဉ်း) အရသာမှုန့် ဆား နနွင်း
မှုန့်တို့ဖြင့်နယ်ကာနှပ်ထားပါ ~ပန်းကန်တစ်ခုထဲတွင်အကြော်မှုန့်ကိုရေနှင့်ရော၍ပျစ်နေအောင်ဖျော်
ထားပါ ~

READ
မီးဖိုချောင်ထဲက ပြဿနာတစ်ချို့ကို အလွယ်တကူ ဖြေရှင်းနည်းများ

အာလူးကိုရေနွေးပွက်ပွက်ဆူထဲသို့ထည့်၍နူးအောင်ပြုတ်ပါ။အာလူးနူးလျှင်အအေးခံ၍အခွံခွာပီးခြစ်
ကာအရသာမှုန့် ဆားတို့ဖြင့်နယ်ထားပါ ~ဒယ်အိုးတစ်လုံးထဲသို့ဆီ(စားပွဲတင်ဇွန်း၅ဇွန်းခန့်)ထည့်၍
အပူပေးပီးဆီပူလျှင်ထောင်းထားသောကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့်အရောင်တင်မှုန့်ထည့်၍
ဆီသတ်ပါ ~အနှစ်များကြွပ်လျှင်ဆိတ်သားများထည့်ကြော်ပီးရေနွေးကိုနည်းနည်းချင်းစီထည့်ပေးပါ။

ဆိတ်သားနူး၍ဆီပြန်လျှင်မဆလာနှင့်ပျဉ်းတော်သိမ်ရွက်အုပ်၍အအေးခံထားပါ ~ထို့နောက်ခြစ်ထား
သောအာလူးများကိုလက်ပေါ်တင်၍ပြားပီးဆိတ်သားအနှစ်ထည့်ကာလုံအောင်ပိတ်ကာအပြားလေး
များလုပ်ပါ ~ထိုအာလူးကက်သလိတ်အပြားလေးများကိုဂျုံမှုန့်နှင့်လူး၍မုန့်နှစ်တွင်နှစ်ကာဆီပူပူတွင်
ကြော်ပါ ~အရောင်ရဲ၍ကြွပ်လာလျှင်ဆယ်ပီးဆီစစ်ကာဆလတ်ရွက် ငရုတ်သီးခြောက်ကြော် မန်ကျည်း
မှည့်အချဉ်ရည်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပီ မန်ကျည်းမှည့်အချဉ်ရည်***** မန်ကျည်းသီးမှည့်
စားပွဲတင်ဇွန်းဝက် ထန်းလျက်ခဲ ၂လုံး ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း ကြက်သွန်ဖြူ အနည်းငယ် ချင်း
အနည်းငယ် နံနံပင် အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ~မန်ကျည်းသီးမှည့်နှင့်ထန်းလျက်ခဲကို
ရေ(နို့ဆီဗူးဝက်)ခန့်နှင့်ရော၍ကျိုပေးပါ။

အနှစ်ရလာလျှင်ဆန်ကာဖြင့်စစ်၍ပန်းကန်လုံးထဲသို့ထည့်ပါ။ ထိုပန်းကန်လုံးထဲသို့ငရုတ်ဆီ ဆား
အနည်းငယ် ချင်း ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူထောင်းကိုထည့်၍မွှေပေးပါ။ထို့နောက်အနည်းငယ်
အေးလျှင်နံနံပင်ကိုပါးပါးလှီးထည့်၍မွှေပေးပါ။

Ei’s Cooking Diary

SHARE