လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆောင်ပေးဖို့ ဒေါ်လာထောင်ကျော် သုံးခဲ့တဲ့ Red Velvet’s Irene

IG/so_yani

Irene ကတော့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ခင်မင်တတ်ကြသူ ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာ Red Velvet က Irene ရဲ့ အတူတွဲကတဲ့ အကသမားတွေက လက်ဆောင်တွေ ရခဲ့ကြောင်းကို လူမှုကွန်ယက်တွေမှာ ပုံတွေ တင်ထားခဲ့ပါတယ်။ Irene ကတော့ သူမနဲ့ အတူတွဲကနေတဲ့ အကသမားတွေ အားလုံးအတွက် AirPods Pro တစ်ခုစီ ဝယ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ Monster နဲ့ Naughty အတွက် ပရိုမိုးရှင်း ပြုလုပ်ပြီးစီးတဲ့ အထိမ်းအမှတ် အနေနဲ့ အဖွဲ့သားတွေကို အခုလို လက်ဆောင်ပေးခဲ့တာပါ။

အကသမားတစ်ယောက်ကတော့ ကျေးဇူးပါနော်။ အတူတူ ပရိုမိုရှင်းတွေ လုပ်ခဲ့ရလို့လည်း ပျော်ရွှင်ရပါတယ်။ ဒီလို လက်ဆောင်မျိုးကို အကသမားတွေ အကုန်လုံးကို အမြဲတမ်း ပေးလေ့ ရှိလို့ လေးလေးနက်နက် တွေးပေးတတ်တဲ့သူပါပဲ လို့ ရေးသားထားခဲ့ပါတယ်။

နောက်ထပ် အကသမားတစ်ယောက်ကတော့ အခုလို လက်ဆောင်လေး ရလိုက်တော့ Galaxy ဖုန်းသုံးနေတာကနေ iPhone ပြောင်းသုံးရတော့မယ် ထင်တယ်လို့ ပျော်စရာလေး ရေးထားခဲ့ပါတယ်။

READ
ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ တမျိုးလှနေတဲ့ အိချောပို

AirPods Pro ရဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရှိနေတဲ့ ဈေးနှုန်းကတော့ ကိုရီးယားဝမ် ၃သိန်း ၂သောင်း ၉ထောင် ခန့် ရှိနေပါတယ်။ အကသမားအားလုံးအတွက် ဝယ်ပေးတာ ဖြစ်လို့ Irene ကတော့ အမေရိကန်ဒေါ်လာ ၂၀၀ ခန့် သုံးခဲ့လို့ ပြောရမှာပါ။

Kham

SHARE