အစားအသောက်ကို အဓိကဦးစားပေးမထားတဲ့ ကမ္ဘာတစ်ခွင်က စားသောက်ဆိုင်များ

စားသောက်ဆိုင်လုပ်ငန်းမှာ အစားအသောက်တင် မဟုတ်ဘဲ ဆိုင်အတွင်းအပြင် မြင်ကွင်းကလည်း အရေးကြီးပါတယ်။ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ လူတွေစိတ်ဝင်စားစေမယ့် နေရာတွေ ဥပမာ တောင်တွေထဲမှာ၊ သမုဒ္ဒရာရေအောက်ခြေနဲ့ ရေခဲရဲတိုက်လို အထူးအဆန်းနေရာတွေမှာ စားသောက်ဆိုင်တွေဖွင့်လေ့ရှိပါတယ်။ ထိုနေရာမျိုးတွေမှာ စားသောက်ရတာက သာမန်နေရာတွေမှာ စားသောက်ရတဲ့ အတွေ့အကြုံနဲ့ လုံးဝကိုကွာခြားမှာအမှန်ပါပဲ။ အောက်ဘက်မှာတော့ ထူးကဲတဲ့ ဟင်းလျာအရသာတွေကို ခံစားရမယ့်အပြင် ဆန်းသစ်တဲ့အတွေ့အကြုံကိုပါ ပေးနိုင်တဲ့ စားသောက်ဆိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Labassin Waterfall, the Philippines

estilodf

ဖိလစ်ပိုင်နိုင်ငံက Villa Escudero အမည်ရတဲ့ အပန်းဖြေစခန်းတစ်ခုပါ။ အပန်းဖြေစခန်းမှာတော့ ရေတံခွန်အောက်ခြေမှာ ဖွင့်ထားတဲ့စားသောက်ဆိုင်ရှိပါတယ်။ စားပွဲခုံတွေကိုတော့ ရေထဲမှာခင်းထားပါတယ်။ ဖိလစ်ပိုင်ဟင်းလျာကို မြည်းစမ်းကြည့်ချင်တဲ့ နိုင်ငံခြားသားဧည့်သည်တွေ အလာများတဲ့နေရာလည်း ဖြစ်ပါတယ်။

The Grotto, Thailand

ateliededestinos

ရိုမန်းတစ်ဆန်လှတဲ့ စားသောက်ဆိုင်လေးဟာ ထိုင်းနိုင်ငံ Phra Nang ကမ်းခြေက ထုံးကျောက်ဂူမှာရှိပါတယ်။ စားသောက်ဆိုင်ကို Rayavadee အပန်းဖြေစခန်းက ဖွင့်လှစ်ထားတာပါ။ စားသောက်ဆိုင်ရဲ့ အကောင်းဆုံးဟင်းလျာကတော့ ညနေပိုင်းမှာမှရတဲ့ ပင်လယ်စာအကင်တွေပဲဖြစ်ပါတယ်။ တခြားအချိန်တွေမှာဆိုရင်တော့ စားသောက်ဆိုင်က မုန့်နဲ့ အချိုပွဲတွေလောက်ပဲ ၀န်ဆောင်မှုပေးပါတယ်။

READ
ချီလီနိုင်ငံကိုချက်ချင်းသွားလည်ချင်စိတ်ပေါက်သွားမယ့်ဓာတ်ပုံများ

Treepod Dining, Thailand

chammie17

စားသောက်ဆိုင်ပိုင်ရှင်က ငှက်သိုက်ထဲမှာ နေ့လည်စာစားဖို့ အကြံရခဲ့ပုံပေါ်ပါတယ်။ ဒီစားသောက်ဆိုင်ကိုတော့ Soneva Kiri Eco အပန်းဖြေစခန်းက ပိုင်ဆိုင်ပါတယ်။ (၁၆)ပေအမြင့်ရှိတဲ့ နေရာမှာ ဆိုင်လာတဲ့ဧည့်သည်တွေကို ၀န်ဆောင်မှုပေးနေတဲ့ စားပွဲထိုးတွေကတော့ ဆိုင်တည်ဆောက်ပုံအနေအထားကြောင့် ပျင်းရမယ် မထင်ပါဘူး။

Ice Restaurant, Finland

© Snowman World – Lumiukkomaailma/Facebook

နှစ်စဉ်နှစ်တိုင်း ဆန်တာကလော့စ်ရွာလေးကို ကမ္ဘာလှည့်ခရီးသည်တွေ တော်တော်များများ လာလည်လေ့ရှိပါတယ်။ သူတို့လာလည်ကြတာက နှင်းတွေ၊ ရေခဲတွေနဲ့ ပြုလုပ်ထားပြီး ရေခဲပန်းပုရုပ်တွေရှိတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။

Nyotaimori restaurants, Japan

© livehalchal

ဂျပန်မှာတော့ တော်တော်လေး ခေတ်စားလာနေပြီဖြစ်တဲ့ စားသောက်ဆိုင်ပါ။ Nyotaimori ရဲ့အဓိပ္ပါယ်က အမျိုးသမီးကိုယ်ခန္ဓာပေါ်မှာ အစားအသောက်တည်ခင်းတယ် လို့ အဓိပ္ပါယ်ရပါတယ်။ အမျိုးသမီးအပြင် အမျိုးသားရဲ့ ကိုယ်ခန္ဓာပေါ်မှာလည်း အစားအသောက်တွေ တည်ခင်းနိုင်ပါသေးတယ်။ ယင်းအလေ့အကျင့်ဟာ ဂေရှားယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆာမူရိုင်းတွေလက်ထက်က စတင်ကျင့်သုံးခဲ့တယ်လို့ သိရပါတယ်။

READ
ရင်သပ်ရှုမောဖွယ် ရေခဲမြို့တော်ကြီးအဖြစ် တွေ့မြင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ဆောင်းပွဲတော်

Ithaa, the Maldives

dilekita

ငါးမန်းတွေ၊ ငါးလိပ်စွန်၊ လိပ်စတဲ့ ရေသတ္တ၀ါတွေကိုကြည့်ရင်း ညစာစားချင်တယ်ဆိုရင်တော့ မော်လ်ဒိုက်ဗ်က Ithaa စားသောက်ဆိုင်ကို သွားလည်ပတ်သင့်ပါတယ်။ စားသောက်ဆိုင်ကို အိန္ဒိယသမုဒ္ဒရာကြမ်းပြင်မှာ ဆောက်လုပ်ထားတာပါ။ ရေအောက်ကမ္ဘာကို စိတ်ကူးယဉ်ဆန်ဆန် တွေ့ချင်မြင်ချင်သူတွေ သွားသင့်တဲ့နေရာလေးလဲဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE