Spider Man ရဲ့ Challenge ကို မထင်မှတ်တဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့တဲ့ Deadpool မင်းသားကြီး

[email protected] [email protected] Holland

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများအိမ်မှာပဲနေနေကြသလို အနုပညာရှင်တော်တော်များများကလည်း အိမ်ထဲမှာပဲနေကာ ဆိုရှယ်မီဒီယာအကောင့်တွေမှတစ်ဆင့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုးစားနေကြပါတယ်။ အခုလည်း Spider Man သရုပ်ဆောင် Tom Holland တစ်ယောက်ကတော့ ဇောက်ထိုးနေပြီး အင်္ကျီဝတ်တဲ့ အမိုက်စား Challenge တစ်ခုကို လုပ်ပြခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ဒီ Challenge ကတော့ ဗီဒီယိုမှာတွေ့ရတဲ့အတိုင်းတော်တော်မလွယ်တဲ့ Challenge တစ်ခုပါပဲ။ ဒါပေမယ့် Tom ကတော့ သေသေချာချာ လုပ်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတင် မပြီးသေးပါဘူး။ Tom ဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Harrison Osterfiel ရယ်၊ Deadpool မင်းသားကြီး Reynolds ရယ်နဲ့  Spider-Man: Far From Home ဇာတ်ကားထဲက ဗီလိန်နေရာမှာ Mysterio  နေရာမှာ သရုပ်ဆောင်ခဲ့တဲ့  Jake Gyllenhaal တို့ကို Challenge ခေါ်ခဲ့ပါတယ်။

READ
မျက်ခွက်အပြောင်ဆုံး တရားခံတို့၏ ပြစ်မှုမှတ်တမ်းဓာတ်ပုံများ

 

Jake ကတော့ Challenge ကို အလွယ်တကူ လုပ်ပြနိုင်ခဲ့သလို Reynolds အောက်ပါဗီဒီအတိုင်း တုံ့ပြန်ခဲ့ပါတယ်။

 

Tom ရဲ့ Challenge လုပ်ခြင်းကို မခံရပေမယ့် ပြန်လည် တုန့်ပြန်ပြီး လုပ်ပြခဲ့တဲ့ အမျိုးသမီးတစ်ယောက်တော့ ရှိခဲ့ပါတယ်။ သူမက တော့ အိုလံပစ်ရွှေတံဆိပ်ဆုရင် အမေရိကန် ပြေးခုန်ပစ်မယ် Lolo James ပါ။ Tom နဲ့ Jake တို့ (၂) ယောက်စလုံး အကျီ င်္တစ်ထည်ပဲ ၀တ်ပြခဲ့ပေမယ့် Lolo ကတော့ အကျီ င်္(၂)ထည်အထိကို အလွယ်တကူ ၀တ်ပြခဲ့ပြီး ၀ိုင်ပါ သောက်ပြခဲ့ပါတယ်။

READ
ကားပေါ်ကနေ ကြံတွေခိုးစားနေတဲ့ ဆင်ကြီးနှစ်ကောင်ရဲ့ ဗီဒီယို

 

Pyi Hein Kyaw

SHARE