ကမ္ဘာအရပ်ရပ်က ရယ်စရာအကောင်းဆုံးရုပ်တုများ

(၁)မျက်နှာပါတဲ့ လက်ဝါးရုပ်တု

ဒီရုပ်တုကိုတော့ နယူးဇီလန် Quasi မှာရှိတဲ့ အိမ်တစ်လုံးမှာ ထည့်သွင်းတည်ဆောက်ထားတာပါ။ ဒေသခံ ပညာရှင် Ronnie van Hout ရဲ့ လက်ရာလို့ သိရပြီး လက်ချောင်းလေးတွေဟာ တကယ်သက်ရှိအလား ထင်မှတ်မှားစေနိုင်ပါတယ်။ ငါးမီတာအမြင့်ရှိကာ ရယ်စရာမျက်နှာလေးပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(၂) ၀က်ဘဲ

ဒီဝက်တစ်ပိုင်းဘဲတစ်ပိုင်း ရုပ်တုလေးကလည်း ချစ်စဖွယ်လေးပါဘဲ။ ဖင်လန်နိုင်ငံ Turku ဆိုတဲ့ ဒေသမှ ထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။

(၃) မစင်တုံးပုံ အိမ်သာ

အမေရိကန် California ပြည်နယ်က San Diego မှာ အများပြည်သူသုံးအိမ်သာတစ်လုံးကလည်း ရယ်ဖွယ်ရာပါဘဲ။ မ
စင်တုံးပုံစံဖန်တီးထားတာ ဖြစ်ပါတယ်။

(၄) သဘာဝလွန် သမင်စုံတွဲ

တိရစ္ဆာန်တွေ တော်တော်များများဟာ မိတ်လိုက်ရင် လူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒီမှာကတော့ သမင်စုံတွဲ မိတ်
လိုက်နေတဲ့ ပုံစံကို လူတွေ နှစ်ပါးသွားလေ့ရှိတဲ့ ပုံစံမျိုး ဖန်တီးထားလို့ အမြင်တစ်မျိုး ဖြစ်စေပါတယ်။

READ
လူတွေကို အံ့အားသင့်စေခဲ့တဲ့ ရက်ကွန်းဝံလေးတွေရဲ့ ပန်းချီစွမ်းရည်

(၅) ရင်သားတွေ စပျစ်သီးလို သီထားတဲ့နေရာ

ဟော်လန်နိုင်ငံ  Arnhem မှာရှိတဲ့ ပန်းခြံတစ်ခုမှာတော့ ရင်သားပုံစံအတုတွေ ပြုလုပ်ကာ စပျစ်သီးခိုင်တစ်ခုလို ဖန်တီးထားတဲ့ လက်ရာတစ်ခု ရှိပါတယ်။ အရောင်ဆုံး ဆိုက်စုံ ပါဝင်ပြီး မြင်ရသူအဖို့ ဘာတွေလဲဆိုပြီး တွေးရစေနိုင်တဲ့ လက်ရာ
ဖြစ်ပါတယ်။

(၆) ဘာအဓိပ္ပါယ်ပါလိမ့်

အမေရိကန် Iowa ပြည်နယ် Des Moines မြို့က ပန်းခြံမှာလည်း အမျိုးသား လိင်အင်္ဂါထောင်မက်နေတဲ့ ပုံစံ ရုပ်တုတစ်ခု ရှိပါတယ်။ ဒါပေမယ့် အမျိုးသားလိအင်္ဂါလားလို့ သေချာကြည့်ပြန်တော့လည်း မဟုတ်ပြန်ပါဘူး။ ဒီဇိုင်းနာ ဘယ်လိုစိတ်ကူးနဲ့ ထုလုပ်ခဲ့တယ်ဆိုတာ မသိပေမယ့် အဲဒီပန်းခြံမှာတော့ ဓာတ်ပုံ အရိုက်ခံရဆုံး ရုပ်တု ဖြစ်ပါတယ်။

(၇) ကလေးဖိုက်တာ

နော်ဝေနိုင်ငံ အော်ဆိုလိုမြို့က ပန်းခြံမှာတော့ ၀တ်လစ်စလစ်လူတစ်ဦးနဲ့ ကလေး လေးယောက်တို့ရဲ့ တိုက်ပွဲကို ဖော်ကျူးထားတဲ့ ရုပ်တုတစ်ခု ရှိပါတယ်။ အဲဒီရုပ်တုကလည်း အသက်ဝင်လှပြီး ကလေးတစ်ယောက်ကို ကန်နေတဲ့ပုံ ဖြစ်ပါ
တယ်။ ကျန်တဲ့ ကလေးသုံးယောက်ကတော့ လေပေါ်မှာ ၀ဲပျံနေပါတယ်။

READ
Infinity War သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ထဲကနဲ့ ပြင်ပဘဝက ရုပ်ရည်တွေ

နတ်စည်တော် (Shwemom)

source : mirror.co.uk

 

SHARE