စီရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ ဖိုင်နယ်တက်ဖို့နီးစပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်

ဒီတစ်ပတ် အင်္ဂါနေ့ညမှာ ကန်သွားတဲ့ UEFA ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲမှာ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ ဖိုင်နယ်ရောက်ဖို့ အခြေအနေကောင်းသွားပါပြီ။ ဒီပွဲမှာရီးရဲလ်အတွက်အနိုင်ဂိုးတွေကို ပထမပိုင်း၁၀မိနစ်မှာ ကက်စမဲရိုးရဲ့ထောင့်ဖြတ်တင်ဘောကို ရော်နယ်ဒိုက အပိုင်ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၇၄ မိနစ်မှာ အက်သလက်တီကိုနောက်တန်းကစားသမား Filipe နှင့် ဂိုးသမား Oblack တို့ ကာကွယ်နေသည့်ကြားက အပြင်းကန်သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဖြစ်စေမယ့်ဂိုးကိုတော့ ပွဲပြီးဆုံးဖို့ (၄) မိနစ်အလိုမှာ လူစားဝင်ကစားသမား Lucas Vazquez’s ရဲ့ ကန်လန့်ဖြတ်ပေးပို့မှုကတစ်ဆင့် အပိုင်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းသွင်းဂိုးငါးဂိုးထိသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်သို့ အရောက်ပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာလက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် သွင်းဂိုး ၁၃ဂိုးထိသွင်းယူနိုင်တဲ့စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ရှုံးထွက်အဆင့်တွေမှာလည်း သွင်းယူခဲ့တဲ့ဂိုးတွေဟာ ၅၂ ဂိုးထိသွင်းယူနိုင်တဲ့စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ပရိသတ်တွေက Mr.Champions လို့ ချီးကျုးဂုဏ်ပြုပြီး ခေါ်ဆိုနေကြပါတယ်။

READ
စာချုပ်သစ်ချုပ်ဆိုဖို့ကိုခေတ္တနှောင့်နှေးဖို့တောင်းဆိုလိုက်တဲ့Marcus Rashford

ချန်ပီယံလိဂ်သမိုင်း ၂၅ နှစ်အတွင်းမှာ နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်တဲ့အသင်းမရှိသေးပေမယ့် ရီးရဲလ်အသင်းကတော့ ဒီအခွင့်အရေးကို ရရှိဖို့အတွက် အခွင့်သာနေပါတယ်။

Myo Ko (Shwemom)

Source : The Sun

SHARE