ရုပ်ရှင်အထူးပွဲသို့ တက်ရောက်လာခဲ့တဲ့ (Mr. Bean) Rowan Atkinson

ယာဉ်မတော်တဆမှုအတွင်း သေဆုံးသွားခဲ့ပြီလို့ကောလဟလသတင်းတွေ ထွက်ခဲ့တဲ့ Rowan Atkinson  တစ်ယောက် သူ အသက် ရှင်ပြီး ကျန်းကျန်းမာမာရှိနေကြောင်း ပရိသတ်တွေကို သက်သေပြ လိုက်ပါတယ်။အသက်(၆၂)နှစ်ရှိနေပြီဖြစ်တဲ့ Mr Bean(သူ့ကို လူ သိများတဲ့ ဇာတ်ကောင်နာမည်)တစ်ယောက်တရုတ်နိုင်ငံမှာ ပြု လုပ်တဲ့ Top Funny Comedian ရုပ်ရှင်အထူးပွဲသို့ တက်ရောက် ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတရုတ်မှာ အသစ်တစ်ဖန်ပြန်လည်ပြသတာပါ။

ဒီဇာတ်ကားဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာသာ ထွက်နေ တာဖြစ် ပြီး ဒီဇာတ်ကားထဲမှာလည်း Mr Bean ဇာတ်ကောင်အဖြစ် နဲ့ တွေ့ရ မှာပါ။Mr Bean ကိုယာဉ်တိုက်မှုတစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို Fox News လို သတင်းတွေမှာတောင် မှား ယွင်းေ ဖ်ာပြ ခဲ့ကြတာပါ။Mr. Bean (Rowan Atkinson) အသက်(၅၈)နှ စ်အရွယ်၊ မတ်လ(၁၈)(၂၀၁၇)မှာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန် သွားခဲ့ပြီဆိုပြီးFox ရဲ့ Breaking News မှာဖော်ပြခဲ့တာပါ။အဲ့ဒီ အေ ကြာင်းကို ရှယ်တဲ့သူ(၃)သိန်းကျော်ရှိခဲ့ပါတယ်။တွစ်တာအ သုံးပြုသူေ တ်ာတော်များများကလည်း တကယ်ဆုံးသွားပြီလို့ ယူဆကာဝမ်းနည်းေ ကြာင်း စာသားတွေဖော်ပြခဲ့ပါတယ်။

READ
လက်ရှိဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ရင်ဖွင့်လာတဲ့ ဟန်တီ

ဒီလိုသတင်းတွေ ထွက်ပေါ်လာပြီးနောက် Rowan Atkinson ဟာ တရုတ်နိုင်ငံနိုင်ငံတည်းမှာသာထွက်ရှိခဲ့တဲ့ သူ့ရဲ့နောက်ဆုံး ရုပ်ရှင် ဇာတ်ကားရဲ့ ပွဲဦးထွက်ရုံတင်ပြသပွဲမှာ လူလုံးထွက်ပြခဲ့တာပါ။ ရုပ်ရှင်ရဲ့ နာမည်ကိုတော့ Top Funny Comedian လို့နာမည်ပေး ထားပါတယ်။(၂၀၀၇)ခုနှစ်က ထွက်ခဲ့တဲ့ Mr Bean’s Holiday ဇာတ်ကားဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာပဲဝင်ငွေပေါင်(၂.၄) သန်းကျော်ရခဲ့ပါတယ်။Mr Bean ရဲ့ စင်ပေါ်တတ်ပြီး အသံမပါပဲ အမူအယာနဲ့ သရုပ်ဆောင်တဲ့ အနုပညာကြေးဟာ ခန့်မှန်းခြေ အားဖြင့် ပေါင်သန်း(၇၀)လောက်ရှိပါတယ်။

Mr. Bean ဟာ (၂၄)နှစ်ကြာလက်တွဲလာခဲ့တဲ့ သူ့ရဲ့ဇနီး Sunetra နဲ့(၂၀၁၅)ခုနှစ်က လမ်းခွဲခဲ့ပြီး၊ကွာရှင်းစရိတ်ပေါင်(၅) သန်းကုန်ကျခဲ့ပါ တယ်။သူ့ထက်အသက်ထက်ဝက်လောက်ငယ်တဲ့ Louise Ford နဲ့လက်တွဲခဲ့ပါတယ်။

Ref;thesun

SHARE