သမ္မတတစ်ယောက်ဟာ သမ္မတသက်တမ်းကုန်လွန်သွားတာနဲ့ နေ့စဉ်လူနေမှုဘဝကိုပြန်ရောက်သွားပါတယ်။ သာမန်လူဖြစ်သွားပေမယ့်လည်း သမ္မတဟောင်းတစ်ယောက်အနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိနေသေးကြောင်း worldatlas ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။
ယာဉ်မမောင်းရစည်းကမ်းကိုလိုက်နာခြင်း
သမ္မတဟောင်းတွေဟာ ယာဉ်မောင်းတဲ့အခါ အများပြည်သူအသုံးပြုတဲ့လမ်းတွေကို မသုံးရပါဘူး။ ဒီအချက်ကိုတော့ George H.Bush က အင်တာဗျူးတစ်ခုမှာ သူဟာ အများသုံးလမ်းတွေကိုအသုံးမပြုဘဲနေလာတာ ၂၅နှစ်ကျော်ကြာခဲ့ပြီဆိုပြီး ပြောပြခဲ့တာပါ။ အများသုံးလမ်းပေါ် နောက်ဆုံးယာဉ်မောင်းနှင်ခဲ့တဲ့ သမ္မတဟောင်းကတော့ Lyndon Johnson ပဲဖြစ်ပါတယ်။

အစိုးရပိုင် အဆောက်အဦးမှာနေထိုင်ရခြင်း
အမေရိကန်သမ္မတဟောင်းတွေအနေနဲ့ ဝါရှင်တန်ဒီစီကိုအလည်လာတဲ့အခါ အစိုးရပိုင်အဆောက်အဦး presidential townhouse မှာ နေချင်နေလို့ရပါတယ်။ အကြောင်းရင်းကတော့ အိမ်ထဲမှာ လုံခြုံရေးအစီအမံတွေအပြည့်အဝရှိပြီး ဖြစ်လို့ပါပဲ။ အိမ်ရဲ့မြေတိုက်ခန်းထဲမှာဆိုရင်လည်း လုံခြုံရေးအတွက် အသေးစိတ်စီမံထားပါတယ်။ Presidential Townhouse မှာ အိမ်ဖြူတော်နဲ့ လမ်းလျှောက်သွားရုံ နီးနီးလေးမှာပဲရှိပါတယ်။
သမ္မတအလွှဲအပြောင်းကာလအတွင်း ထောက်ပံ့ငွေရရှိခြင်း
သမ္မတဟောင်းတွေဟာ ရုံးခန်းကနေထွက်သွားတာနဲ့ သူတို့ကိုယ်ပိုင် ရုံးခန်းဖွင့်ဖို့ ဝန်ထမ်းခန့်ဖို့အတွက် သမ္မတအလွှဲအပြောင်းကာလ အချိန်၆လ ရပါတယ်။ ဒီအချိန် ၆လထဲမှာတော့ စီးပွားရေးကိစ္စတွေ၊ အစိုးရပိုင်းကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် သမ္မတဟောင်းတွေရဲ့ကုန်ကျစရိတ်တွေကို ကာမိစေဖို့ ထောက်ပံ့ငွေလက်ခံရရှိတာဖြစ်ပါတယ်။ သမ္မတရာထူးသက်တမ်းကုန်လို့မဟုတ်ဘဲ ရာထူးကနှုတ်ထွက်တဲ့သမ္မတတွေကလည်း အခုလိုထောက်ပံ့ငွေရပါတယ်။
View this post on Instagram
နိုင်ငံလုံခြုံရေးညွှန်ကြားချက်တွေအကြောင်း အချိန်နဲ့တပြေးညီ သိရခြင်း
သမ္မတဟောင်းတွေဟာ လက်ရှိမှာ သမ္မတမဟုတ်တော့ပေမယ့် နိုင်ငံရေးပြဿနာတွေအတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်လည်း သမ္မတဟောင်းတွေဟာ နိုင်ငံလုံခြုံရေးအစည်းအဝေးတွေ၊ နောက်ဆုံးရတဲ့ စီမံချက်သတင်းတွေကို အမြဲသိနေရပါတယ်။ လိုအပ်ရင် လက်ရှိသမ္မတက သမ္မတဟောင်းတွေကို အကြံဉာဏ်တောင်းနိုင်သလို လက်ရှိသမ္မတကိုလည်း သမ္မတဟောင်းတွေက အကြံဉာဏ်ပေးနိုင်ပါတယ်။ သမ္မတဟောင်းတွေကို လက်ရှိသမ္မတက တစ်သက်တာလုံခြုံရေးအစီအမံတွေပေးနိုင်ပါတယ်။
တစ်သက်တာပင်စင်ရခြင်း
သမ္မတဟောင်းတစ်ယောက်အနေနဲ့ တစ်သက်တာပင်စင်ခံစားခွင့်ရှိပါတယ်။ ၂၀၁၇ မှာတော့ နှစ်စဉ်ပင်စင်ဟာ ဒေါ်လာ ၂၀၇၈၀၀ ဖြစ်ခဲ့ပါတယ်။ သမ္မတပင်စင်နှုန်းကတော့ နှုန်းသေဖြစ်ပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် နှစ်စဉ်တိုးလာတာပါ။ သမ္မတပင်စင်ဟာ ထောက်ပံ့ကြေးသက်သက်ထက်ပိုပါတယ်။ ခရီးသွားစရိတ်၊ ရုံးစရိတ်နဲ့ လုံခြုံရေးစရိတ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ShweMom