Running Man PD ပြောတဲ့ Kim Jong Kook နဲ့ Song Ji Hyo တို့ရဲ့ အခြေအနေ

Running Man PD Jung Cheol Min ကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ Kim Jong Kook နဲ့ Song Ji Hyo တို့ရဲ့ ပတ်သက်မှုအခြေအနေအကြောင်းကို ထုတ်ပြောလိုက်ပါတယ်။တစ်ချိန်တုန်းက ဂယ်ရီနဲ့ Monday Couple ဆိုပြီး လူပြောများခဲ့တဲ့ ဂျီဟိုဟာ ဂယ်ရီအဖွဲ့ထဲကနေ ထွက်၊အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ဂျုံးဂုနဲ့  တွဲ နေပြီဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

Running Man အဖွဲ့ဝင်တွေကိုလည်း အင်တာဗျူးတွေမှာ ဂျီဟိုနဲ့ ဂျုံးဂုရဲ့ အခြေအနေ ဘယ်လိုလဲ ဆိုပြီး မကြာခဏ ဆိုသလို မေးနေကြတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့ Running Man ရဲ့ PD ဖြစ်တဲ့ Jung Cheol Min  ကိုပါ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခဲ့ပါတယ်။တစ်ချို့တွေက ဒါဟာ running man အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ ကနေ လူစိတ်ဝင်စားအောင် တမင် အကွက်ထွင်တာမျိုးဆိုပြီး ဝေဖန် ပြောဆိုနေကြတာတွေ လည်း ရှိပါတယ်။PD Jung Cheol Min ကတော့ သူတို့နှစ်ယောက်ဟာ အပိုင်းတစ်ပိုင်းပြီးတိုင်း ပြီးတိုင်းမှာ သူတို့ကြားက ဆက်ဆံရေးကလည်း ပိုပို ရင်းနှီးလာကြောင်း၊ဒီလိုပိုရင်းနှီးလာကြတယ်ဆိုတဲ့ ကိစ္စမှာ production team ရဲ့ အတင်းဖိအားပေးတာ၊တမင် ဖန်တီးတာမျိုး လုံးဝမရှိခဲ့၊မလုပ်ခဲ့ပါဖူးလို့  ပြန်ရှင်းထားပါတယ်။

READ
ငယ်ဘ၀ အမှတ်တရ ပုံလေးတွေကို ထုတ်ပြခဲ့တဲ့ ပိုပို

“သူတို့နှစ်ယောက် သီးသန့် ပုဂ္ဂိုလ်ရေးအရ မကြာခဏတွေ့ဆုံတာမျိုး ရှိတယ်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် Running Man အဖွဲ့သားတွေက သူတို့ကြားဒီလိုဖြစ်လာအောင် တမင်ဖန်တီးတာမျိုး မရှိခဲ့၊မလုပ်ခဲ့ပါဘူး” လို့ ဖြေထားပါတယ်။ ရိုက်ကူးရေးလုပ်နေချိန်မှာလည်း တမင်နီးစပ်အောင် ဖန်တီးတာမျိုး မလုပ်ကြောင်း၊အားလုံးဟာ အဖွဲ့ဝင်တွေရဲ့ တကယ့် တုံ့ပြန်မှု တွေသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မကြာသေးမီက အပိုင်းတစ်ခုမှာတော့ Jeon So Min နဲ့ Yang Se Chan ကKim Jong Kook ရဲ့ ကြွက် သားတွေနဲ့ body ကို အဓိက ဆွေးနွေးတဲ့ ပုံစံ တစ်ခုကို လုပ်ခဲ့ပါတယ်။အဲ့ဒီမှာတော့ ဂျီဟိုက သူမရဲ့ idea ကို ထုတ်ပြခဲ့ပါတယ်။သူမဟာ ဂျုံးဂုအစ်ကိုက မြင်သာအောင်ပြနေတယ်လို့ မထင်ကြောင်း၊အားလုံးကလည်း ဒီလိုပဲ ကြပ်တဲ့ အ၀တ်အစားတွေကို ပုံမှန် အတူတူပဲဝတ်ဆင်နေကြတာလို့ ပြောခဲ့ပါတယ်။ဂျီဟိုရဲ့ အမြင်ကိုတော့ ဂျုံးဂု ကလည်း ကျေး ဇူးတင်ကြောင်းပြောခဲ့ပါတယ်။ဂျီဟိုကို သူ့အပေါ်ဒီလိုမြင်လို့ ဂျီဟိုက စိတ်ထားကောင်းလိုက်တာ ဆိုပြီး ချီးကျူးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘေးက တခြားအဖွဲ့ဝင်တွေကလည်း သူတို့နှစ်ယောက်ကို ၀ိုင်းစခဲ့ပါတယ်။ဒီလို အပိုင်းတွေ ကို မကြာ ခဏ ဆိုသလို တွေ့လာရတော့ အားလုံးက တွဲနေကြပြီဆိုတဲ့ သံသယတွေ ပိုတိုးအောင် လုပ်နေသလို ဖြစ်နေပါတယ် ။ Ji Suk Jin ကတော့ ဂျီဟိုနဲ့ ဂျုံးဂု မတွဲကြောင်း စည်းစိမ်အကုန်နဲ့ လောင်းကြေးထပ်တယ်ဆိုပြီး ပြောခဲ့ဖူးကြောင်း Kore aboo မှာဖော်ပြထားပါတယ်။

READ
ကြွေရုပ်လေးလားလို့ အထင်မှားသွားစေလောက်တဲ့ မအေးသောင်းရဲ့ အလှ

 

SHARE