ဆရာ့ကို သတ်ပြီး Selfie ဆွဲကာ၊ ကိုယ်တိုင် သေကြောင်းကြံခဲ့သည့် ကျောင်းသား

ရုရှနိုင်ငံ၊ မော်စကိုမြို့မှာ Andrey Emelyannikov လို့အမည်ရတဲ့ အသက်(၁၈)နှစ်အရွယ် ကျောင်းသားဟာ သူရဲ့ဆရာကို ဓားနဲ့လည်ပင်းကို လှီးသတ်ပြီးနောက်၊ Selfie ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် သူဟာ သူ့ကိုယ်သူ သတ်သေခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

EAST2WEST NEWS

ဓာတ်ပုံထဲမှာ Andrey ဟာ ပုဝါကို (၈၀)ခုနှစ်စတိုင်လို ပေါင်းထားပြီး၊ သွေးအေးအေးနဲ့ ပြုံးနေတာကို တွေ့ရပါတယ်။ နောက်မှာ အသက် (၄၄)နှစ်အရွယ် Health and safety lecturer ဖြစ်တဲ့ Sergei Danilov ဟာ သွေးအိုင်ထဲမှာ လဲကျသေဆုံးနေပါတယ်။

EAST2WEST NEWS

The Sun သတင်းစာဟာ သေဆုံးသူတရားခံကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဓာတ်ပုံထဲမှာ Graphic အလွန်နည်းပါးတဲ့ ဓာတ်ပုံကိုသာ ဆင်တာဖြတ်တောက်ကာ ရွေးချယ်အသုံးပြုဖော်ပြထားပြီး၊ ကျန်တဲ့ ဓာတ်ပုံတွေကတော့ ဒီထက်ပိုပြီး ကြောက်စရာကောင်းပြီး၊ ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။ နောက်ထက်ဓာတ်ပုံတစ်ခုထဲမှာတော့ Andrey ဟာ Circle လွှစက်နဲ့အတူ ဓာတ်ပုံရိုက်ကူးထားတာပါ။

READ
လူစကားသံအတိုင်းတုပပြောနိုင်တဲ့ ၈နှစ်သားအရွယ်Orangutanမျောက်ဝံ
EAST2WEST NEWS

ဒါပေမယ့် ဆရာ Danilov ကို ယင်းလွှစက်နဲ့ သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်ကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။ ဒေသခံသတင်းစာတွေကတော့ ဆရာ Danilov ဟာ ဓားနဲ့လည်ချောင်းကို ထိုးသွင်းလှီးသတ်ခံထားရတာဖြစ်ကြောင်း ဆိုပါတယ်။ ဆရာဝန်ရဲ့အတည်ပြုချက်မှာ အလောင်းနှစ်လောင်းကို စစ်ဆေးတဲ့အခါ ဒဏ်ရာကိုယ်စီရရှိထားလို့ လူသတ်မှု မကျူးလွန်ခင် နှစ်ဦးစလုံး တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ်တိုက်ခိုက်ခဲ့ပုံရသေးကြောင်း ဆိုပါတယ်။

EAST2WEST NEWS

Andrey ဟာ လူသတ်မှုကျူးလွန်ပြီး မိနစ်ပိုင်းအတွင်းမှာ သေဆုံးနေတဲ့ ဆရာ Danilov ရဲ့ပုံနဲ့အတူ November’s Doom အမည်ရ သီချင်းကိုလည်း တင်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Andrey ဟာ နှစ်ပတ်ဆက်တိုက် ကျောင်းပြေးခဲ့ပြီး၊ ဆရာ Danilov က ကျောင်းမှထုတ်ပယ်မည်လို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

EAST2WEST NEWS

ယင်းနောက် လူသတ်မှုဖြစ်ပွားခဲ့ပြီး၊ တရားခံကိုယ်တိုင်ကလည်း သတ်သေခဲ့ပါတယ်။ ကျောင်းသားတစ်ဦးက ဆရာ Danilov ကို ဆုံးရှုံးခဲ့ခြင်းအတွက် ” ဆရာက သိပ်ကို ကြင်နာတတ်ပြီး၊ စည်းကမ်းလည်း အလွန်ကြီးပါတယ် … ပြီးတော့ ဘယ်တပည့်ကိုမဆို မျှမျှတတနဲ့ အုပ်ချုပ်တတ်တဲ့ ဆရာပါ .. ကျနော်တို့အတွက်တော့ အဖေလိုပါဘဲ “လို့ ပြောခဲ့ပါတယ်။ ရဲကတော့ အမှုကို စစ်ဆေးမေးမြန်းနေဆဲပါ။

READ
ဘောင်းဘီအတိုဝတ်ထားလို့ ဈေးဝယ်စင်တာထဲကနေ မောင်းထုတ်ခံရတဲ့ အမျိုးသမီး

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE