မြို့ပြရဲ့ လူနေမှုစနစ်မှာတော့ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် အိမ်တော်တော်များများက မီးသတ်ဆေးဘူး ဆောင်ထားတတ်ကြပါတယ်။ ယခုအခါမှာတော့ ၎င်းအိုင်ဒီယာကို ပိုအဆင့်မြင့်တဲ့နည်းနဲ့ ချဉ်းကပ်လာကြပြီဖြစ်ပါတယ်။
တောင်ကိုရီယားနည်းပညာကုမ္ပဏီ Samsung ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Cheil Worldwide ကနေ Firevase ဆိုတဲ့ ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ ဒီထုတ်ကုန်ရဲ့ အသုံးပြုပုံကတော့ မီးမတော်တဆမှုဖြစ်ခဲ့သည်ရှိသော် မီးငြှိမ်းသတ်ဖို့ ပန်းအိုးကို မီးထဲ လက်ပစ်ဗုံးလို ပစ်ပေါက်လိုက်ရမှာ ဖြစ်ပါတယ်။

Firevase မှာတော့ အလွှာ ၂ လွှာ ပါဝင်ပါတယ်။ အပြင်ဘက်အလွှာမှာ အောက်ဆီဂျင်ကို သေစေတဲ့ ပိုတက်ဆီယမ်ကာဘွန်နိတ်ဓာတ်ငွေ့ ပါရှိပြီး အတွင်းဘက်မှာတော့ ပန်းထည့်ဖို့ ရေပါရှိပါတယ်။ Firevase တွေကိုတော့ တောင်ကိုရီးယားရဲ့ လူနေအိမ်တွေမှာ မီးသတ်ဆေးဘူး အသုံးပြုမှုမြှင့်တင်ဖို့ ကမ်ပိန်းအတွက် ကနဦးထုတ်လုပ်မှုအနေနဲ့ ပန်းအိုးပေါင်း ၁ သိန်း ထုတ်လုပ်ထားပြီးဖြစ်ကြောင်း Dezeen မီဒီယာရဲ့ ဖော်ပြမှုအရ သိရပါတယ်။


ထိုကမ်ပိန်းကြောင့် တောင်ကိုရီးယားရှိ အိမ်ခြေတွေမှာ မီးသတ်ဆေးအသုံးပြုမှု ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ကမ်ပိန်းအောင်မြင်တဲ့အနေနဲ့ ယခုအခါ Cheil Worldwide ကနေ Firevase အလုံးပေါင်း ၂ သိန်း ထပ်မံထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref: The Verge