ခေါက်ပြီးအိပ်ထဲထည့်လို့ရမယ့်ဖုန်းတွေ Samsungကထုတ်တော့မယ်

Samsungက ခေါက်ပြီးသိမ်းထားလို့ရတဲ့ဖုန်းကိုဖန်တီးဖို့ ကြိုးစားနေခဲ့တာကြာပါပြီ။ Samsungက ၂၀၁၇အစောပိုင်း
လောက်မှာ ခေါက်လို့ရတဲ့ဖုန်း၂လုံးလောက်ကို ဖြန့်ချီတော့မယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်က OLEDနည်း
ပညာနဲ့ ထုတ်လုပ်လာမှာဖြစ်ပါတယ်။

၈လက်မအရွယ်အစားရှိပြီး ချိုးလိုက်ရင် ၅လက်မအရွယ်အစားရှိမယ်လို့လည်း သိရပါတယ်။ ၂၀၁၄တုန်းက ဒီအိုင်ဒီယာကို ဆမ်ဆောင်းက ထုတ်ပြခဲ့ပါတယ်။ ဒါပေမယ့်အခုအထိတော့ အကောင်အထည်ဖော်ရခြင်းမရှိသေးပါဘူး။ နောက်နှစ်
မှာကျင်းပမယ့် ဘာစီလိုနာ Mobile World Congressမှာ Samsung ကဒီဖုန်းတွေကို ပြသဖို့ရှိနေပါတယ်။

အခုလောလောဆယ်မှာတော့ Project Valley လို့အမည်ပေးပြီး ကြိုးပမ်းနေကြပါတယ်။ Galaxy S Seriesကနေခွဲ
ထွက်မယ်လို့လည်းသိရပါတယ်။ နောက်ထပ်သိရတဲ့ သတင်းတစ်ခုက Galaxy 6ကိုမထုတ်ပဲ Galaxy S 7ကိုကျော်
ထုတ်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Source: mashable

shwemom-2

 

SHARE