ဝိတ်ကျပြီးနောက်ပိုင်း တစ်နေ့တခြား ပိုပိုလှလာတဲ့ စံရတီမိုးမြင့်

အခုနောက်ပိုင်းမှာတော့ လူတွေက Body  Fitness ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးကို လိုက် စားလာကြပါတယ်။အနု ပညာရှင်ဆယ်လီတော်တော်များများကလည်း Body fitness ပိုင်းကို တော်တော်လေးဦးစားပေးလာတာကို တွေ့ရပါ တယ်။အဲ့ဒီအထဲမှာ စံရတီမိုးမြင့်ကလည်း တစ်ယောက်အပါအ၀င်ပါ။စံရတီမိုးမြင့်ကတော့ အရင်က ပြည့်ပြည့်လေး ဖြစ်ပေမယ့် အခုကတော့ တော်တော်လေးဝိတ်ကျသွားတာကိုတွေ့ရပါတယ်။ဝိတ်ကျပြီးနောက်ပိုင်း အရမ်းကို လှလာတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စံရတီမိုးမြင့်တက်ရောက်ခဲ့တဲ့ ပွဲကတော့ KANEBO ပွဲပါ။အဖြူရောင်ဂါဝန်ရှည်လေးနဲ့ အရမ်းကို လှနေတဲ့ ပုံလေးပါ။ သွယ်သွယ်လျလျနဲ့ လှပနေတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စံရတီမိုးမြင့်ကတော့ သူမရဲ့ FB မှာ Gym ကစားတဲ့ ပုံလေးတွေကို မကြာခဏ တင်လေ့ရှိပါတယ်။ ပုံမှန်လည်း Gym ကစားတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ သူမရဲ့ Body ဟာ အရင်နဲ့မတူ လုံးဝပြောင်းလဲလှပသွားတာကို တွေ့ရပါတယ်။

READ
မြင်းပေါ်မှာမတ်တပ်ရပ် ဓါတ်ပုံရိုက်ခဲ့တဲ့ Kendall Jenner

Source စံရတီမိုးမြင့်

SHARE