Scarlett Johanssonနဲ့တူတဲ့စက်ရုပ်တစ်ရုပ်ဖန်တီးထားတဲ့သူ

Hong Kongက Graphic Designer တစ်ယောက်ဖြစ်တဲ့ Ricky Ma ဟာ ဟောလိဝုဒ်မင်းသမီးချော Scarlett
Johansson နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုတီထွင်ခဲ့ပါတယ်။ ထိုစက်ရုပ်ဟာ သူမကိုလှတယ်လို့ပြောရင် မျက်လုံးမှတ်
ပြပြီး ရယ်လည်းရယ်တတ်တယ်လို့ဆိုပါတယ်။

Ricky ဟာ အခြားကလေးများစွာလိုပဲ ငယ်စဉ်ကတည်းက ကာတွန်းကားတွေကြည့်၊ စက်ရုပ်ရုပ်ရှင်တွေကြည့်ပြီး
စက်ရုပ်နဲ့ပက်သက်တာကို ရူးသွပ်ခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာ ကိုယ်တိုင်တီထွင်နိုင်ရမယ်လို့လည်း ငယ်ငယ်တည်း
က စိတ်ကူးရှိခဲ့ပါတယ်။

သူဟာ ဒီစက်ရုပ်အတွက် ၁နှစ်ခွဲအချိန်ပေးခဲ့ရပြိး 50,000 $ကျော်ကုန်ကျခံခဲ့ပါတယ်။ သူကတော့ ဒီစက်ရုပ်ဟာ
ဟောလိဝုဒ်မော်ဒယ်လ်တစ်ယောက်ကို မှီငြမ်းပြီးတီထွင်ခဲ့တာလို့ပြောခဲ့ပေမယ့် ဘယ်သူလို့ထုတ်မပြောခဲ့ပါဘူး။
ဒါပေမယ့် သူတီထွင်ထားတဲ့ စက်ရု့ပ်နဲ့တူတာလည်း တစ်ယောက်ပဲရှိပါတယ်။ အဲ့ဒါကတော့ Scarlettt
Johansson ပါ။ ထိုစက်ရုပ်ဟာ စကားလည်းပြန်ပြောနိုင်ပါတယ်။ ထို့အပြင်မျက်နှာအမူအရာပေါင်းစုံလည်း
လုပ်တတ်ပါတယ်။ စက်ရုပ်ကိုတော့ Mark 1လို့နာမည်ပေးထားပါတယ်။

READ
၁-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းတိုများ

“Mark 1, နင်အရမ်းလှနေပါလား”လို့ပြောလိုက်တ့အခါမှာတော့ စက်ရုပ်ဟာပြုံးပြိး “ဟိဟိ ကျေးဇူးပါ” ဆိုပြီးပြန်ပြော
ပါတယ်။ Rickyဟာ ဒီစက်ရုပ်ရဖို့ တော်တော်လည်းကြိုးစားခဲ့တာဖြစ်ပါတယ်။

စက်ရုပ်တွေနဲ့Artificial Intelligenceတွေဟာ ဈေးကွက်ထဲမှာ အများအပြားဝင်ရောက်လာပြီးနောက်ထပ်၅နှစ်
အတွင်းမှာ လူတွေလည်း အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေပါတယ်။

shwemom post photo (1)

Source: dailymail

SHARE