အိမ်သာအိုးထဲမှာအရှည်3ပေရှိတဲ့ စပါးအုံးတစ်ကောင်ကို တွေ့ရှိခဲ့တဲ့ ကျောင်းသားလေး

စပါးအုံးမြွေတစ်ကောင်ကို ဒေသခံ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်မှ ကျွမ်းကျင်သူများက အိမ်သာထဲကနေ ဆွဲထုတ်ခဲ့ပေးခဲ့ရပါတယ်လို့ The Sun သတင်းစာမျက်နှာမှသိရှိရပါတယ်။ စပါးအုံးမြွေဟာ အင်္ဂလိပ်အက္ခရာU ပုံသဏ္ဍာန်ရှိတဲ့ ပိုက်လုံးထဲကနေ အပေါ်ကို တက်လာတယ်လို့ ယူဆရပါတယ်။

ကျောင်းသားလေးဟာ အိမ်သာခွက်ထဲမှာ အရှည်၃ပေရှိတဲ့ စပါးအုံးမြွေတစ်ကောင်လျောသွားနေတာကို အံ့အားသင့်တုန်လှုပ်စွာတွေ့ခဲ့ရတာပါ။

ဗုဒ္ဓဟူးနေ့က ငါးနှစ်အရွယ်ကျောင်းသားလေးတစ်ယောက်က အိမ်ကရေချိုးခန်းထဲမှာ တရှူးရှူးမြည်သံပေးနေတဲ့ မြွေကြီးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။ သူ့ရဲ့အမေဖြစ်တဲ့ Laura Cowell က Scales and Fangs  ကျွမ်းကျင်သူတွေကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ သူတို့လာခဲ့ပြီး Southend Essex မှာရှိတဲ့ အိမ်သာထဲကနေ စပါးအုံးမြွေကို ဖယ်ရှားခဲ့ပါတယ်။

အိမ်မွေးတိရစ္ဆာန်ဆိုင်က Ethan Pinion ပြောသွားတာက ” မြွေက ချွတ်ဆေးနဲ့ အိမ်သာနံ့ရနေတယ်။ U ပုံသဏ္ဍာန် ပိုက်ခေါင်းကနေ တက်လာတာဖြစ်မယ်။ သူကောင်းကောင်းမွန်မွန်နဲ့ အမြန်ဆုံးဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ”

Mrs. Cowell ပြောတာက ” အိမ်သာကပိတ်ထားတာ ရက်အတော်ကြာနေပြီ။ ရေလဲကောင်းကောင်းမစီးဘူးလေ။”

READ
သွေးကင်ဆာကိုသုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ပြီး ကွယ်လွန်သွားတဲ့သုံးနှစ်အရွယ်ကလေးငယ်

” ကလေးက အရမ်းထိတ်လန့်နေပြီး တုန်နေတာ။ တစ်ခုခုဖြစ်လိုက်ပြီ ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ တံမြက်စည်းလက်ကိုင်ကို သုံးပြီး အိမ်သာအိုးဖုံးကို မလိုက်တယ်။ အဲဒီမှာ တခါတည်းမြွေရဲ့ ခေါင်းရော လျှာရော ပြူထွက်လာတာပဲ။”

စပါးအုံးမြွေဟာ အိမ်သာရဲ့ အင်္ဂလိပ်အက္ခရာU ပုံသဏ္ဍာန်ပိုက်လုံးကနေ တက်လာတယ်လို့ ယူဆရပါတယ်။

အဲဒီနောက် Mrs. Cowellက မြွေကိုဆယ်ထုတ်ပေးနိုင်မယ့်လူ တော်တော်များများကိုဖုန်းဆက်ပြီးတဲ့ နောက်မှာ တစ်ယောက်သောသူက ကူညီပေးဖို့ လာခဲ့ပါတယ်။ သူကတော့ Rob Yeldham ဆိုသူပါ။  Leigh-on-Sea ဆိုတဲ့ ဆိုင်ပိုင်ရှင်ပါ။

“ဒီဆယ်နှစ်တာ အတောအတွင်းမှာ မြွေတွေကို ကယ်ဆယ်တာတွေ အများကြီးလုပ်ဖူးပါတယ်။ ဒါပေမယ့်လည်း အိမ်သာထဲကနေ ကယ်ရတာမျိုးကိုတော့ အရင်က မလုပ်ဖူးသေးဘူး။ ဒါက ကျွန်တော်တို့အတွက် ပထမဆုံး အကြိမ်ပါ။ ” လို့ ပြောသွားပါတယ်။

READ
ကျား၊ ကျားသစ်၊ မြေခွေး စတဲ့ အန္တရာယ်ရှိသတ္တ၀ါတွေ အိမ်မှာမွေးမြူထားတဲ့အမျိုးသမီးကိုဖမ်းဆီး

Mr.Yeldham ပြောပြထားတဲ့ပုံအရတော့  “Mrs Cowellရဲ့ အိမ်နီးချင်းတွေက ပြောင်းသွားတာ သိပ်မကြာသေးဘူး။ ပြီးတော့ အမှိုက်တွေနဲ့ အတူတူ မြွေမွေးထားတဲ့ ကန်အဟောင်းကလေးတစ်ခုပါ ကျန်ခဲ့တာ။ ကျွန်တော်ထင်တာက ဒီမြွေက အဲဒီကနေ လွတ်လာပြီးတော့ အိမ်သာထဲ ဆင်းချသွားတာ။ ပြီးတော့ ဒီအိမ်သာအိုးအရောက်မှာ လမ်းဆုံးသွားတာနေမှာ။ ဘာလို့လဲဆိုတော့ မိလ္လာတွင်းတွေက ဆက်နေကြတာလေ။ ”

မြွေက မိလ္လာထဲမှာ နေတာကြာနေပြီ ဖြစ်ပေမယ့် ကျန်းမာနေပါတယ်။ ကိုယ်အလေးချိန်လဲကောင်းပါတယ်။ တခုပဲရှိတာ။ မြွေက အိမ်သုံးချွတ်ဆေးတွေကြောင့် အရေပြားတွေ ဆွေးမြေ့တဲ့ ဒဏ်ခံနေရတယ်။ လတ်တလောမှာတော့ ဒီစပါးအုံးမြွေကို ဆိုင်မှာပဲ ကုသပေးပြီး ပြန်လည်ကျန်းမာလာတာနဲ့ တစ်ပြိုင်နက် သူ့ကိုမွေးဖို့  အိမ်ရှာပေးမယ်လို့ သိရပါတယ်။

Mrs.Cowell ပြောစကားအရ ဒီအဖြစ်အပျက်ပြီးတဲ့နောက် သူမကကြက်သေသေနေခြဲျ့ပီး အိမ်သာအိုးဖုံးပေါ်မှာ ရက်တော်ကြာအောင် အလေးတွေတင်ထားတယ် လို့ သိရပါတယ်။

SHARE