သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကို အော်ဟစ်ပြီး မောင်းထုတ်ခဲ့တဲ့ အမျိုးသား

Youtube-PM interrupted by homeowner telling him to 'get off the grass'

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းက သြစတြေးလျဝန်ကြီးချုပ်ဖြစ်တဲ့ Scott Morrison တို့ အစိုးရအဖွဲ့ဟာ New South wales ပြည်နယ်၊ Googong မြို့ရှိ အိမ်ရာတစ်ခုမှာ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအကြောင်းအရင်းကတော့ သြစတြေးလျနိုင်ငံရှိ အိမ်ယာမြေတွေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသတင်းစာရှင်းလင်းပွဲမှာ မထင်မှတ်ထားတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အဲဒီအိမ်ရာထဲမှာ နေထိုင်တဲ့ သြစတြေးလျအမျိုးသားတစ်ဦးဟာ Scott ကို သူ့အိမ်ရှေ့က မြက်ခင်းပြင်ကနေ ဖယ်ပေးဖို့ အော်ဟစ်ခဲ့တာဖြစ်ကြောင်း New.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဲဒီနေ့က မနက်ပိုင်းမှ ဝန်ကြီးချုပ် Scott ဟာ အိမ်ရာဝင်းတစ်ခုထဲ လှည့်လည်ကြည့်ရှု့ပြီးနောက် တစ်နေရာအရောက်မှာတော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သတင်းစာပွဲရှင်းလင်းပွဲလုပ်နေတုန်း ၁ မိနစ်တောင်မကြာသေးတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ အော်သံထွက်ခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါအမျိုးသား အော်လိုက်တာက တစ်ခြားမဟုတ်ပါဘူး။Scott ကော၊ မီဒီယာသမားတွေကပါ အဆိုပါအမျိုးသားရဲ့ မြက်ခင်းပြင်ကို တက်နင်းထားလို့ပါပဲ။

Scott လည်း အဆိုပါအမျိုးသား အော်ပြီးပြီးချင်း အဲဒီနေရာကနေဖယ်ပေးပြီးတော့ အဲဒီအမျိုးသားထံ လက်မလေးထောင်ပြပြီး “ရပြီလားဗျ” လို့ လက်မလေးထောင်ပြပြီး ပြုံးပြခဲ့ပါတယ်။ အဲဒီနောက် အဆိုပါအမျိုးသားလည်း လက်မလေး ပြန်ထောင်ပြပြီး အိမ်ထဲဝင်သွားခဲ့ကြောင်း သိရပါတယ်။

Youtube-PM interrupted by homeowner telling him to ‘get off the grass’

“ ကျွန်တော်တို့မှားတာပါဗျ။ သူပြောပုံအရဆို အဲဒီမြက်ခင်းပြင်က မနေ့ကမှ စိုက်ထားတာတဲ့။ ကျွန်တော်ဆိုလည်း ကျွန်တော့်စိုက်ပြီးပြီးချင်း မြက်ခင်းပြင်မှာ ဘယ်သူမှ လာရပ်စေချင်မှာ မဟုတ်ပါဘူး။ သူပြောတာတရားနည်းလမ်းကျပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်အပါအဝင် အခြားသူတွေကိုပါ အဲဒီမြက်ခင်းပြင်ပေါ်ကနေဖယ်ပေးဖို့ တောင်းဆိုခဲ့တာပါ” လို့ Scott Morrison က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE