Billie Eilish ရဲ့ သီချင်းသစ်နားထောင်ပြီး ငိုခဲ့မိတယ်ဆိုတဲ့ Selena Gomez

Twitter- @selsnaHQ2, Instagram- @billieeilish

Apple Music ရဲ့ Beats 1 Radio show အင်တာဗျူးကဏ္ဍမှာတော့ Selena Gomez ဟာ မျက်နှာသစ်အဆိုတော် Billie Eilish ကို ချီးကျူးစကားပြောခဲ့ရင်း အခုနောက်ဆုံးထွက်ထားတဲ့ သီချင်းသစ်ကြောင့် နားထောင်နေရင်း ငိုတောင်ငိုခဲ့ရတယ်လို့ ပြောလာခဲ့ပါတယ်။

https://www.instagram.com/p/B_DPzdkjG6V/

Twitter- @selsnaHQ2

Selena ညွှန်းခဲ့တဲ့သီချင်းလေးကတော့ လွန်ခဲ့တဲ ၃ လလောက်က ထွက်ခဲ့တဲ့ Billie ရဲ့ “Everything I Wanted” ဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းရဲ့ music video အရ Billie ဟာ ဒီသီချင်းကို သူ့ရဲ့အစ်ကို Finneas ကို ရည်ညွှန်းထားပုံပါပဲ။ သီချင်းပါအကြောင်းအရာတွေကတော့ ဖြစ်တတ်ပျက်တတ်တဲ့ လူ့သဘာဝထဲ အသုံးချသူတွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတုယောင်မိတ်ဆွေတွေ၊ စိတ်ဓာတ်ကျစရာတွေကြုံလာတဲ့အခါ၊ ပေးသလောက် ပြန်မရတဲ့အခါ၊ အသိအမှတ်ပြုမခံရတဲ့အခါတိုင်း Billie ရဲ့အနားမှာ ရှိနေတာဆိုလို့ သူမရဲ့အစ်ကို Finneas သာရှိခဲ့တယ်ဆိုတဲ့ပုံစံလေးပါ။

READ
ကေပေါ့လောကကို စဝင်ခါစနဲ့မတူ ပိုချော/ပိုမိုက်လာကြတဲ့ ကေပေါ့အိုင်ဒေါများ
Instagram- @billieeilish

ဒီသီချင်းလေးကို စစနားထောင်ခဲ့တဲ့အခေါက်မှာပဲ Selena ဟာ Billie ကို ကိုယ်ချင်းစာပြီး သီချင်းရဲ့စာသားတွေဟာလည်း သူမဘဝနဲ့ထပ်တူကျခဲ့တဲ့အတွက် ငိုမိခဲ့တယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ထပ်ပြီး Selena ဟာ ဆယ်ကျော်သက်ကောင်မလေး Billie ကိုလည်း သိပ်တော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ဒီထက်မက အောင်မြင်ဖို့အလားအလာရှိနေတယ်လို့လည်း ချီးကျူးခဲ့ပါသေးတယ်။

https://twitter.com/SelenaHQ2/status/1254831469115117570?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1254831469115117570%7Ctwgr%5E&ref_url=https%3A%2F%2Fwww.insider.com%2Fselena-gomez-billie-eilish-everything-i-wanted-apple-music-interview-2020-4

Billie ကတော့ ၂၀၁၈ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်တုန်းကမှ အနုပညာလောကထဲ ဝင်လာခဲ့ပေမယ့်လို့ သူမရဲ့ ထူးထူးခြားခြား Indie-pop သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ပိုင်းမှာသာမက အသက်လတ်ပိုင်းတွေအထိ အားပေးခြင်းကိုခံခဲ့ရတဲ့အပြင် Justin Bieber အပါဝင် Ariana Grande, Post Malone, Travis Scott စတဲ့ အဆိုတော်တွေတင်မကဘဲ မင်းသမီးကြီး Julia Roberts ကတောင်မှ Billie ရဲ့သီချင်းတွေကို အစွဲလန်းကြီး စွဲလန်းနေကြောင်း ထုတ်ပြောတာ ခံခဲ့ရပါသေးတယ်။

READ
သဉ္စာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတတ် ပုံရိပ်များ
Twitter
Twitter
Twitter

Selena မျက်ရည်ကျခဲ့ရတဲ့ Billie ရဲ့သီချင်းလေးကို နားဆင်လိုက်ကြပါဦး။

Penny

SHARE