The Newsette နဲ့ အင်တာဗျူးတစ်ခုမှာ Gomez ဟာ မိခင်ဖြစ်သူနဲ့အတူ အင်တာဗျူးဖြေဆိုခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့သူမက လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက ခံစားခဲ့ရတဲ့ သူမရဲ့စိတ်ကျန်းမာရေးအခြေအနေအကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့စိတ်အခြေအနေကို လူသိရှင်ကြားဖွင့်ပြောရလို့လည်း မရှက်ပါဘူးလို့ Gomez က ဆိုပါတယ်။ Gomez ဟာ အခုဆိုရင် ကျန်းမာရေးအခြေအနေတွေ ပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။
View this post on Instagram
“ကျွန်မကတော့ ကိုယ့်ကိုကိုယ်လက်ခံဖို့ တော်တော်လေးခက်တယ်လို့ ခံစားခဲ့ရဖူးတယ်။ လက်ခံနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုအတွက်လည်း ကျွန်မကြောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့လည်း ရုပ်ရှင်၊ တီဗီရှိုးတွေထဲမှာ ဒါမှမဟုတ် သီချင်းအတွက်အလုပ်လုပ်နေတုန်းမှာ ကျွန်မကိုယ်ကျွန်မလက်ခံနိုင်မှုဟာ အရေးကြီးဆုံးလို့ ထင်မိတယ်။ ဒါကိုလက်ခံပြီးတဲ့နောက်ပိုင်းမှာ ရလာတဲ့အကျိုးကျေးဇူးတွေကိုမြင်ရတော့ ကျွန်မဒီလိုဆုံးဖြတ်ချက်ချမိတာ မှန်တယ်ဆိုပြီး ဝမ်းသာမိတယ်။”
“အခုကျွန်မလုပ်နေသမျှအားလုံးဟာ အရင်တုန်းကရှိခဲ့တဲ့စိတ်အခြေအနေပေါ်မှာ မမူတည်ပါဘူး။ ကျွန်မဘဝရဲ့အကောင်းဆုံးအရာတွေဖြစ်နေပါပြီ။ ပြီးတော့ Lose You to Love Me” သီချင်းကလည်း အကောင်းဆုံးဖန်တီးထားတာတွေထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ နှစ်အတော်ကြာအောင် စိတ်ထဲတွေဝေနေခဲ့တာ အချစ်ရေးထဲစိတ်ရှုပ်ထွေးနေတာ။ အခုတော့ အဲ့ဒါကပြီးသွားခဲ့ပြီး ဘဝသစ်စနေပါပြီ။” လို့Gomez က ပြောပြခဲ့တာပါ။
View this post on Instagram
Gomez ဟာ မကြာသေးခင် စက်တင်ဘာလကမှ Rare Beauty အမည်ရတဲ့ makeup line တစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ သူမရဲ့စိတ်ကျန်းမာရေးအပေါ်မှာ သေချာအာရုံမစိုက်မိခဲ့ဘူးဆိုရင် အခုချိန်ဒီလိုမျိုးနေရာတောင် ရောက်မှာမဟုတ်ဘူးလို့ Gomez က ဆိုခဲ့ပါတယ်။ Gomez ရဲ့မိခင်ဖြစ်သူ Teefey ကတော့ မိသားစုဝင်တွေအနေနဲ့လည်း ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်က စိတ်မကျန်းမာဖြစ်နေရင် သည်းခံခြင်း၊ နားထောင်ခြင်းနဲ့ သူတို့ကိုမပစ်ပယ်ခြင်းတို့ဟာ အရေးကြီးတဲ့အကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။
View this post on Instagram
ယခုနှစ် အစပိုင်းကမှ သူမမှာ bipolar disorder စိတ်ရောဂါဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့တဲ့ Gomez ဟာ သူမကဲ့သို့ အလားတူဝေဒနာခံစားနေရတဲ့သူတွေအတွက် ကူညီထောက်ပံ့ပေးနေပါတယ်။ သူမရဲ့ Rare Impact Fund ကတော့ လာမယ့်၁၀နှစ်အတွင်း သန်း၁၀၀ရန်ပုံငွေရှာဖွေနိုင်ဖို့ ကြိုးစားလျက်ရှိပြီး စိတ်ရောဂါကုသတဲ့အဖွဲ့အစည်းတွေကို ကူညီပေးဖို့ရှိတယ်လို့လည်း People သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom