Selena Gomezရဲ့ Instagram အဟက်ခံရပြီး Justin Bieber ရဲ့ အပေါ်ပိုင်းဗလာပုံများတက်လာခဲ့

အကောင့်ဟက်ခံလိုက်ရတဲ့ Selena Gomez ရဲ့ instagram အကောင့်ကနေ သူမရဲ့ရည်စားဟောင်းဖြစ်သူ Justin Bieber ရဲ့ အ၀တ်ဗလာ ပုံတွေပြန့်နှံ့သွားခဲ့ပါတယ်။ ပြန့်နှံ့ သွားပြီးတဲ့နောက်မှာတော့ Selenaရဲ့ အကောင့် ပျက်သွားခဲ့ပါတယ်။ ထိုပုံမှာ ၂၀၁၅ တုန်းက Bora Bora သို့ ခရီးထွက်ခဲ့စဉ် ရိုက်ထားတဲ့ပုံပဲဖြစ်ပါတယ်။

ပြန့်နှံ့ခဲ့တဲ့ Justion Bieber ရဲ့ အ၀တ်ဗလာပုံ

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်မှာ Justinbieber ဟာ သူရဲ့မွေးနေ့မှာ  မော်ဒယ် Jayde Pierce နဲ့အတူ အ၀တ်ဗလာဖြင့် မော်ဒယ်လျှောက်ခဲ့ပါသေးတယ်။ အ၀တ်ဗလာဆိုပေမယ့် သူရဲ့မွေးနေ့ဝတ်စုံတော့ဝတ်ထားပါသေးတယ်။ Selena ရဲ့ပရိသတ်တွေကို “သူမအကောင့်ဟက်ခံထားရတာပါ”လို့ပြောထားပြီး သူမရဲ့အကောင့် ချက်ချင်း ပြန်ရလာအောင်လုပ်လိုက်ပါတယ်။

Selena နဲ့ Selena ရဲ့ ရည်းစားဟောင်း Justin Bieber

Justinbieber က ထိုပြန်နှံ့သွားတဲ့ပုံနဲ့ပတ်သက်ပြီးတော့လည်း ” အတွင်းခံဘာင်းဘီတိုနဲ့ အိမ်မှာပဲနေနေတာပါ။ အပြင်တွေလျှောက်သွားနေတာလည်း မဟုတ်ဘူး။ အိမ်မှာဆိုတော့ လွတ်လွတ်လပ်လပ်နေကြတာပဲလေ” လို့ပြောခဲ့ပါတယ်။ Selena ကတော့ လက်ရှိမှာ The weekend နဲ့တွဲနေတာဖြစ်ပါတယ်လို့ the sun သတင်းစာမျက်နှာမှ သိရပါတယ်။

READ
စတန့်လုပ်ရင်း ရတဲ့ဒဏ်ရာကြောင့် အရေးပေါ် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ Ruby Rose
Selena ရဲ့ လက်ရှိရည်းစား The Weekend

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE