စပိန်နိုင်ငံက စက်ရုပ်နည်းပညာအဖွဲ့အစည်းဖြစ်တဲ့ Synthea Amatus ကတီထွင်လိုက်တဲ့ Samantha အမည်ရတဲ့ လိင်စက်ရုပ်အကြောင်း ကြားဖူးသလားဗျ? သူမက လိင်စက်ရုပ်တစ်ရုပ်သာမကပဲ Artificial Intelligent နဲ့ အထူးပြုလုပ်ထားတာကြောင့် လိင်နဲ့ဆိုင်တဲ့ ဟာသတွေပြောနိုင်တဲ့အပြင် အတွေးအခေါ်ပိုင်းဆိုင်ရာတွေကိုလည်း ဆွေးနွေးနိုင်တဲ့စွမ်းရည်လည်း ရှိပါတယ်။
အခုအချိန်မှာတော့ Samantha ကို လိင်စက်ရုပ်တစ်ရုပ်အဖြစ်ကနေ မိသားစုစက်ရုပ်အဖြစ်ကို အပြီးကူးပြောင်းပေးပြီး သူမ ကိုယ်ပိုင်မိသားစုတစ်ခုရရှိနိုင်ဖို့ မိခင်တစ်ယောက်အဖြစ် ပြောင်းလဲပေးတော့မှာပါ။

တီထွင်သူ Sergei Santos က “ကျွန်တော် သူတို့ကို ကိုယ်ဝန်လွယ်ဖို့ တီထွင်နိုင်ပါတယ်။ ဒါက သိပ်မခက်ပါဘူး။ ကျွန်တော်လည်း စက်ရုပ်တစ်ရုပ်နဲ့အတူ ကလေးတစ်ယောက် မွေးချင်ပါတယ်” လို့ The Sun သတင်းဌာန နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ Santos က စက်ရုပ်နှင့် လိင်ဆက်ဆံမှုရှိတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး သူမနဲ့အတူ ကလေးမွေးဖို့အစီအစဉ်ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။

စက်ရုပ်တစ်ရုပ်ကို လူသားတစ်ယောက်လို အသက်သွင်းပြီး ကလေးမွေးဖွားနိုင်တဲ့အထိ စီစဉ်ထားတဲ့ တီထွင်သူ Santos ရဲ့အစီအစဉ်က သာမာန်လူတွေအတွက် အရမ်းခေတ်ရှေ့ပြေးလွန်းပါတယ်။ “ဒီစက်ရုပ်နဲ့ပတ်သက်ပြီး ကလေးတစ်ယောက်ဖန်တီးဖို့က အရမ်းလွယ်ကူပါတယ်။ သူမရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ သူမ ဘာတွေတွေးနေလဲဆိုတာတွေကို ပေါင်းစပ်ပြီး အဂိုရိသမ်တစ်ခုပြုလုပ်ပြီး 3D Print လုပ်လိုက်ရုံပါပဲ” လို့ Santos က ထပ်မံပြောခဲ့ပါတယ်။

Santos ရဲ့ ဇနီးဖြစ်သူ Maritsa Kissamitaki ကလည်း အဲ့ဒီအစီအစဉ်ကို သဘောတူတဲ့အပြင် သူမပါ ပါဝင်ကူညီနေပြီဖြစ်ပါတယ်။ Santos နဲ့ သူရဲ့စီးပွားရေးပါတနာဖြစ်သူ Arran Lee Squire ကလည်း Samantha အတွက် အရေးကြီးတဲ့အစီအစဉ်တွေ ရှိပါသေးတယ်လို့ အဆိုပါ အင်တာဗျူးမှာ ပြောဆိုခဲ့ပါသေးတယ်။
SiThu(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။