သြစတေးလျမှာ မိုးသည်းပြီး လမ်းတွေပေါ် “ငါးမန်း”တွေတောင် တက်လာတဲ့အဖြစ်

Twitter/JoseM2

ကပ်ဘေးတွေ ဆက်တိုက်ကျရောက်နေတဲ့ သြစတေးလျမှာ အခုအခါ မကြားဖူးတဲ့သတင်းမျိုး ထပ်မံပေါ်ထွက်လာတဲ့အတွက် အတော်လေး စိတ်မကောင်း ဖြစ်စရာပါ။ လအတန်ကြာ တောမီးလောင်မှုကလည်း အခုအချိန်ထိ နယူးဆောက်ဝေးလ်ပြည်နယ်မှာ လက်ပူတိုက်အောင် ငြှိမ်းသက်နေရဆဲပါဘဲ။ တစ်ချို့သောဒေသတွေမှာ မုန်းတိုင်း အပြင်အထန် ဝင်မွှေခံရပြီး၊ မိုးသီးတွေ ကျရောက်ခဲ့သလို၊ မိုးသည်းထန်မှုကြောင့် လမ်းမပေါ်မှာ ရေတွေ လျှံတက်သည်အထိ ဖြစ်ခဲ့ရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံမှာတော့ ငါးမန်းတစ်ကောင် လမ်းတစ်ခုထက်မှာ ရေကူးနေတာကို Queensland ဒေသခံတစ်ဦးက မိမိရရ မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ဒိမတိုင်ခင်မှာ အပူချိန်တွေ ဆက်တိုက်မြင့်တက်ခဲ့ရာက တောမီးတွေ ရှိသမျှသစ်ပင် လောင်ကျွမ်းခဲ့ပြီး၊ အတော်လေး စိတ်မသက်သာရာ ဖြစ်ခဲ့ရချိန်မှာ အခုလည်း ရာသီဥတုဆိုးရွားမှုက ထပ်မံနှိပ်စက်တာ ဖြစ်ပါတယ်။

Twitter/JoseM21

မဲလ်ဘုန်းမြို့တစ်ခွင်မှာ မိုးသည်းထန်ပြီး မိုးသီးတွေ ပြင်းထန်စွာကျရောက်ခဲ့လို့၊ လူနေအိမ်ခြေနဲ့ ယာဉ်တွေကားတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ မိုးသီးတွေဟာ ဂေါက်သီးလုံးလောက်အထိ ရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ နယူးဆောက်ဝေးလ်လည်း မုန်းတိုင်း သင့်ရောက်ရာဒေသတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Queenslandပြည်နယ်၊ Brendan Horne မှာနေတဲ့ လူမှုကွန်ရက်အသုံးပြုသူ Burleigh Heads က သူရိုက်ကူးခဲ့တဲ့ဓာတ်ပုံကို လိုင်းပေါ်တင်ခဲ့ပြီး“ လမ်းမပေါ်မှာ ရေကူးနေတဲ့ ငါးမန်ဆိုတာတော့ မရှိလောက်ပါဘူးနော် … သြစတေးလျကကတော့ တစ်မိနစ် မီးလောင်လိုက် … နောက်ပြီးတော့ လူသတ်စက်ကြီးကို သင်တို့ရဲ့အခန်းတွေဆီအရောက် ရေထဲလွှတ်လိုက်နဲ့ ”ဆိုပြီး ရေးခဲ့ပါတယ်။

Twitter/Mike023

ဒါဟာ ငါးမန်းတစ်ကောင် ဟုတ်မဟုတ်တော့ အတည်ပြုချက်မရှိသေးပါဘူး။ သို့သော်လည်း (၂၀၀၃)ခုနှစ်တုန်းက Burleigh ရေကန်အနီးမှာ အသက်(၈၄)နှစ်အရွယ်အဖိုးအိုတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ Bull Shark တွေကို သက်ဆိုင်ရာက ဖမ်းဆီးဖယ်ရှားခဲ့ရဖူးတဲ့အဖြစ် ဖြစ်ပျက်ခဲ့ပါသေးတယ်။ မဲလ်ဘုန်းဒေသခံတစ်ချို့ကိုတော့ မုန်းတိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါသတဲ့။

Twitter/Nesiian

လူမှုကွန်ရက်အသီးသီးမှာတော့ ဆိုးရွားလှတဲ့ သြစတေးလျ ရာသီဥတုအခြေအနေ အမျိုးမျိုးကို လိုင်းပေါ်တင်ကာ မျှဝေသူတွေ ရှိနေပြီး၊ ထင်မြင်ချက်တွေလည်း အမျိုးမျိုး ဆူညံခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (၄)နာရီမတိုင်ခင်ကလည်း ဒေသခံတွေထံကို အရေးပေါ်သတိပေးကြေညာမှုတွေ ရှိခဲ့ပြီး “အလွန်အန္တရာယ်ရှိလို့ နေအိမ်အတွင်းမှာပဲ နေကြဖို့”တိုက်တွန်းခဲ့သေးတယ်လို့ Telegraph သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။

လင်းသူရိန်

SHARE