ပါပါရာဇီနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ One Direction အဖွဲ့မှ Louis Tomlinson

One Direction အဖွဲ့ရဲ့ စတားတစ်ယောက်ဖြစ်တဲ့ Louis Tomlinson ဟာ လော့အိန်ဂျလိစ်က နိုင်ငံတကာလေဆိပ်မှာ ဓါတ်ပုံဆရာတစ်ယောက် နဲ့ပြဿနာတတ်ပြီး အဖမ်းခံလိုက် ရပါတယ်။ဓါတ်ပုံဆရာနဲ့Louis Tomlinson တို့ရုန်းရင်း ဆန်ခတ်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်ထွက်ေ ပ်ါလာခဲ့ပြီး ဓါတ်ပုံဆရာ ကြမ်းပေါ်မှာ လဲကျသွားခဲ့ပါတယ်။ဘေးမှာတော့ Tomlinson နဲ့အတူ ချစ်သူကောင်မလေး Eleanor Calder ပါအတူရှိနေခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် Tomlinson ဟာ ပါပါရာဇီ ဓါတ်ပုံဆရာရဲ့ လက်ကေ န သူ့ချစ်သူကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။သူတို့နှစ်ယောက် ကို လိုက်ရိုက်နေတာတွေကို ရပ်ဖို့ ပြောခဲ့ပေမယ့် ဓါတ်ပုံဆရာက ငြင်းဆိုခဲ့ တာကြောင့် အခုလို လက်ပါတဲ့အထိဖြစ်ခဲ့ရတာပါ။ Tomlin son ကို ကိုယ် ထိလက်ရောက်ကျူးလွန်မှုအတွက် သံသယရှိတရားခံ အဖြစ် ဖမ်းဆီးခဲ့ပါတယ်။ ဓါတ်ပုံဆရာကိုတွန်းဖယ်ထိုးကြိတ် တာတွေရှိ ခဲ့တယ်လို့ LA ရဲတပ်ဖွဲ့ကပြော ပါတယ်။ Tomlinson ကခြေထောက်နဲ့အားပြု ကာ ဓါတ် ပုံဆရာကို တွန်းလဲခဲ့ တယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။ဓါတ်ပုံဆရာကတော့ ခေါင်း နဲ့ ကြမ်းပြင်ခိုက်မိသွားပြီး ဆေးရုံတင်ပို့လိုက်ရတာလို့ လေဆိပ်ရဲတပ်ဖွဲ့ကပြောပါတယ်။

READ
အသက် ၄၂ နှစ်ပြည့် မွေးနေ့မနက်ခင်းလေးကို ကောင်းမှုကုသိုလ်နဲ့အစပြုလိုက်တဲ့ အိန္ဒြာကျော်ဇင်

ဒီဖြစ်စဉ်ကို မိုဘိုင်းဖုန်းနဲ့ရိုက်နေတဲ့ မျက်မြင်သက်သေတစ်ဦးကိုရဲ့လက်ကောက် ၀တ်ကိုပါ Tomlinson က အတင်းဆွဲခဲ့ပါတယ်။မျက်မြင်သက်သေ မှာ လည်း မျက်လုံးဒဏ်ရာရသွားခဲ့ပြီးအခင်းဖြစ်ရာနေရာမှာပဲ ကုသပေးခဲ့ရပါတယ်။အမျိုး သမီး မျက်မြင်သက်သေဟာ Tomlinson ရဲ့ကောင်မလေးကို ဗီဒီယိုရိုက်ဖို့ ကြိုးစားခဲ့တာလို့ TMZ သတင်းမှာတော့ ဖော်ပြခဲ့ပါတယ်။

အမျိုးသမီးနှစ်ဦးလုံးဟာ အော်ဟစ်ငြင်းခုံတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ဒီလိုဖြစ်ရပ်တွေဟာ LA လေဆိပ်မှာရှိတဲ့ ခရီးဆောင်အိတ်တွေထား တဲ့နေ ရာမှာဖြစ်ခဲ့တာပါ။ အစပိုင်းမှာတော့ဒီဖြစ်ရပ်အတွက် Tomlinson ကိုဖမ်းခဲ့ေ ပမယ့် လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ(၂)သောင်းအာမခံပေးပြီး ပြန် လွတ် လာတယ်လို့ သိရပါတယ်။

Ref;thesun

SHARE