ဟန်နီးမွန်းက ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ရဲ့ ဓါတ်ပုံတွေတင်လိုက်တဲ့ ရွှေထူး

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ မင်းသမီး ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူးတို့ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပိုင်းလောက်မှာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို တည်ထောင်ဖို့အတွက်  လက်ထပ်သွားခဲ့ကြပြီဖြစ်ပါတယ်။ အရမ်းကို ချစ်ကြတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပပြီးပြီးချင်းမှာပဲ အီတလီနိုင်ငံအနှံ့ကို ဟန်နီးမွန်းခရီးထွက်သွားခဲ့ကြတာဖြစ်ပါတယ်။

အရင်ကထက် ပိုပိုချစ်ကြလာကြတဲ့ ရွှေစုံတွဲကတော့ ဟန်နီးမွန်းခရီးစဉ်မှာလည်း ပရိသတ်တွေအားကျလောက်အောင်ကို ချစ်ပြနေကြပြန်ပါတယ်။ ရွှေထူးကတော့ ဟန်နီးမွန်းထွက်နေတဲ့ သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို “My wife Gaw Gyi & Gaw Lay Me” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ချစ်စရာလည်းကောင်းပြီး ကြည်နူးရာလည်းကောင်းတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ဇနီးမောင်နှံရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ဖခင်ဖြစ်သူရဲ့ နုပျိုမှုကို နောက်ပြောင်ကျီစားလိုက်တဲ့ မင်းမြတ်

SOurce: Shwe Htoo, SHwe Hmone Yati

SHARE