ပထမဆုံးသီချင်းမှာတင် အောင်မြင်သွားတဲ့ ဇနီးချောလေးအတွက် ဂုဏ်ယူနေတဲ့ ရွှေထူး

နာမည်ကျော် အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့စုံတွဲကတော့ လက်ထပ်ပြီးနောက်မှာ ပိုပြီးတော့ အချစ်တွေတိုးလာပြီး ချစ်ပြလာကြတဲ့ လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်ပါတယ်။ လတ်တလောမှာလည်း သူတို့နှစ်ယောက်အတူ ပူးပေါင်းပြီး ဖန်တီးထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေကို ချပြပေးခဲ့ပါသေးတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတိုး ဇနီးမောင်နှံနှစ်ဦးတွဲဖက်သီဆိုထားတဲ့ သီချင်းလေးဖြစ်တဲ့ “အမှား” သီချင်းကတော့ လူကြီး၊လူငယ်ပရိသတ်တွေကြားမှာ လူကြိုက်တော်တော်လေးများနေတဲ့ သီချင်းဖြစ်ပါတယ်။ မင်းသမီး ရွှေမှုံရတီအနေနဲ့ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေကို ပထမဆုံးချပြခဲ့တဲ့ ဒီသီချင်းလေးကတော့ JOOX MUSIC Chart မှာ လူကြိုက်အများဆုံး နံပါတ် ၁ ဖြစ်နေတာဖြစ်ပါတယ်။

ရွှေထူးကတော့ ပရိသတ်တွေအကြိုက်ဆုံးသီချင်း နံပါတ် ၁နေရာကို ရောက်ရှိနေတဲ့ ဇနီးဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေပြီး” Gaw Gyi ကွ” လို့ရေးထားပြီး ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ နားမထောင်ရသေးတဲ့ ပရိသတ်တွေအတွက် သီချင်းလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Title. – အမှားLyric. – Shwe HtooMusic. – Mr.TweetyMixing. – Kyaw Kyaw ( UK )DOP – ArkarDownload Link – https://www.mediafire.com/download/ks5cjaojzc7nmcn

Posted by Shwe Mhone Yati on Thursday, December 6, 2018

Source: SHwe Htoo, Shwe Hmone Yati

SHARE