သက်ပြင်းချခြင်းနဲ့ ခွဲခြားလို့မရတဲ့လူသားတွေဟာ ပျင်းရင်လည်း သက်ပြင်းချတယ်၊ ဝမ်းနည်းရင်လည်း သက်ပြင်းချတယ်၊ စိတ်ပျက်ရင်လည်း သက်ပြင်းချတယ်၊ စိတ်တည်ငြိမ်အောင်လုပ်ရင်လည်း သက်ပြင်းချပြန်တယ်။
ဒါပေမဲ့ အချိန်တိုင်း သက်ပြင်းချနေတတ်တဲ့လူတွေ ဒီအထဲမှာ ရှိကြလားမသိဘူး။ ကိုယ်ကိုယ်တိုင်မသိရင်တောင်မှပဲ ဘေးလူကတော့ သိကြပါတယ်။ ဆိုတော့ ဒီလိုမျိုး အချိန်တိုင်း သက်ပြင်းချချနေမိတာဟာ ဘာကြောင့်များလဲဆိုတာ Daily Mail မှ ကိုးကားဖော်ပြေးလိုက်ပါတယ်။

US နဲ့ ဥရောပနိုင်ငံနှစ်နိုင်ငံမှာရှိနေတဲ့ တက္ကသိုလ်ကြီး ၆ ခုနဲ့ပူးပေါင်းပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ လူတွေဟာ ဘာကြောင့် သက်ပြင်းအချိန်တိုင်း ချမိနေကြသလဲဆိုတာနဲ့ ပတ်သက်လို့ပါ။
Charles Darwin ရဲ့ The Expression of The Emotions in Man and Animals ဆိုတဲ့ စာအုပ်အရ သက်ပြင်းချခြင်းဟာ ဝမ်းနည်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတာကို psychologist တိုင်း သိထားပြီးသားပါ။

တိတိကျက ပြန်ပြောရရင်တော့ ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျခြင်း၊ အံ့သြတုန်လှုပ်ခြင်းစတာတွေပေါ့။ ဒါကြောင့် စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ကြပါတယ်။ အဲဒါကတော့ အကြောင်းရင်းမရှိလည်း သက်ပြင်းခဏခဏချတတ်တဲ့လူတွေနဲ့ ပုံမှန်လူတွေရဲ့ depression အခြေအနေကို တိုင်းတာတာပါပဲ။ လူပေါင်း ၃၅၀ ပါဝင်ခဲ့တဲ့ ဒီ စစ်တမ်းမှာတော့ ထင်တဲ့အတိုင်းပဲ အကြောင်းမဲ့သက်ပြင်းတွေ ခဏခဏချတတ်တဲ့လူတွေဟာ အထီးကျန်ပြီးတော့ မသိစိတ်မှာ စိတ်ဖိဆီးမှုတွေ တော်တော်များနေတာကို သွားတွေ့ရပါတယ်။
အထီးကျန်လို့ ကျန်မှန်း၊ စိတ်ဓာတ်အကြီးအကျယ်ကျလို့ကျနေမှန်း ကိုယ်ကိုယ်တိုင်လည်း မသိသလိုပဲ ဘေးလူတွေက ကြည့်မယ်ဆိုလည်း လုံးဝကို မထင်ကြပါဘူးတဲ့။ အဲဒီအထီးကျန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ မသိစိတ်ဖက်အခြမ်းမှာပဲရှိနေတဲ့အတွက် အပြင်ကို သိသိသာသာအန်ထွက်လာပြီး လက္ခဏာမပြတာပါတဲ့။

penny